သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-23
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ယောဒေသမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ဒေသခံ PDF တပ်ဖွဲ့တွေက မနေ့က မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၃၀ လောက် သေဆုံးသွားတယ်လို့ ယောဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ တပ်မတော် စစ်ကောင်စီဘက်ကတော့ မနေ့ကအထိ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
2021-08-23
ထိုင်းအစိုးရက လုပ်ငန်းလိုအပ်ချက်အရ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား လေးသိန်းကို နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) စနစ်နဲ့ ပြန်ခေါ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
2021-08-23
စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုမှာ ပါဝင်လာမယ့် တပ်မတော်သား တွေရဲ့ မိသားစုတွေအတွက် လုံခြုံရေးကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က အာမခံပေးမယ်လို့ NUG ရဲ့ ယာယီသမ္မတ ဦးဒါရှီလဆိုင်းက ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2021-08-23
ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ရုံးမထုတ်ဖြစ်တာ သီတင်းပတ် ခြောက်ပတ် ကြာမြင့်လာပြီ ဖြစ်လို့ လူချင်းတွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော် က RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-23
စစ်ကိုင်းတိုင်း တမူးမြို့မှာ သြဂုတ်လ ၂၃ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ တမူး ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-23
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး မပြေလည်မှုတွေကြောင့် ခန္ဓာကိုယ်ထဲက ကျောက်ကပ်ကိုတောင် ထုတ်ရောင်းဖို့ ကြိုးစားသူတွေ ရှိလာနေပါတယ်။
2021-08-23
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက မုံရွာနဲ့ ကလေးဝ လမ်းမပေါ်မှာရှိတဲ့ မုံရွာအုပ်စုကုမ္ပဏီကနေ BOT စနစ်နဲ့ ဆောင်ရွက်နေတဲ့ (၅) မိုင်ဂိတ် ဩဂုတ်လ ၂၃ ရက် မနက် ၁ နာရီလောက်က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-23
ကယားပြည်နယ် ဘောလခဲမြို့နဲ့ မက်စလောင်း တောင်ကြားမှာ သြဂုတ်လ ၂၂ ရက် မနေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အခါ စစ်ကောင်ဘက် က သုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
2021-08-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မကွေးတိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုကျော်ဆန်းထူးကို ဩဂုတ်လ ၂၂ ရက် မနေ့ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားပါတယ်။
2021-08-23
ရန်ကုန်မြို့၊ သမိုင်းမြို့သစ်၊ အမှတ် ၁ ရပ်ကွက်၊ ရွှေဝါထွန်းလမ်းထဲက နေအိမ်တစ်ခုကို ဩဂုတ်လ ၂၃ ရက် ဒီနေ့ မနက် ၉ နာရီခွဲကျော်ခန့်က စစ်ကောင်စီဩဇာခံ စစ်သားနဲ့ရဲတွေ ဝင်ရောက်ဖမ်းဆီးချိန် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး လူငယ်လေးဦးကို ဖမ်းသွားတယ်လို့ အနီးအနားဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-08-23
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၆၀ နဲ့ ၆၁ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာရှိတဲ့ ရတနာတိုင်း ပြည်အိမ်ရာကို ဩဂုတ်လ ၂၂ ရက် မနေ့ညပိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦးအဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-23
မန္တလေးတိုင်း၊ တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို သြဂုတ်လ ၂၂ ရက်နေ့ မနေ့ညက အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ၁၅ ယောက် ခန့် ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-23
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ဆောင်ရွက်မှုတွေဟာ မျှော်လင့်သလောက် မြန်မြန်ဆန်ဆန် ဖြစ်မလာသေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဘဲလာခရစ်ရှ် နန် က ပြောလိုက်ပါတယ်။ မြန်မာ့အရေးဟာ ဖြေရှင်းဖို့ ခက်နေတဲ့အခြေအနေပါလို့ ရိုက်တာသတင်းဌာနကို သောကြာနေ့က ပြောလိုက်တာပါ။
2021-08-23
ပြင်သစ်နိုင်ငံ ပါရီ အခြေစိုက် RSF နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့ ညွှန်းကိန်းအရ ၂၀၂၁ မှာ မြန်မာနိုင်ငံဟာ နိုင်ငံ ၁၈၀ မှာ ၁၄၀ နိုင်ငံမြောက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် CNN သတင်းဌာန တစ်ကြိမ်ဝင်ခဲ့ရပြီး တာလီဘန်တွေ သိမ်းလိုက်ချိန်မှာ CNN သတင်းယူနိုင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံက ညွှန်းကိန်း ၁၂၂ မှာ ရှိပါတယ်။
2021-08-22
ပြည်သူလူထုကို အလုပ်အကျွေးမပြုတဲ့ ဘယ်အစိုးရမဆို တရားဝင်မှု ရရှိမှာမဟုတ်ဘဲ ဘုရားသခင်ရဲ့ တရားဝင်အသိအမှတ်ပြုမှုလည်း ရရှိမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောလိုက်ပါတယ်။