နိုင်ငံရေးအာဏာဟာ ပြည်သူကို အလုပ်အကျွေးပြုမှုကသာ ဆင်းသက်တယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘို မိန့်ကြား

2021.08.22
နိုင်ငံရေးအာဏာဟာ ပြည်သူကို အလုပ်အကျွေးပြုမှုကသာ ဆင်းသက်တယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘို မိန့်ကြား ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘို ကို ၂၀၁၇၊ အောက်တိုဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: REUTERS

ပြည်သူလူထုကို အလုပ်အကျွေးမပြုတဲ့ ဘယ်အစိုးရမဆို တရားဝင်မှု ရရှိမှာမဟုတ်ဘဲ ဘုရားသခင်ရဲ့ တရားဝင်အသိအမှတ်ပြုမှုလည်း ရရှိမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောလိုက်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ တရားမျှတမှုအပေါ်မှာပဲ တည်ဆောက်ရတာဖြစ်တယ်၊ ပုပ်ရဟန်းမင်းကြီး Pope Francis မကြာခဏ မိန့်ကြားတဲ့အတိုင်း တကယ့်အာဏာဟာ အလုပ်အကျွေးပြုမှုက သက်ရောက်လာတယ်။

အပြစ်မဲ့ပြည်သူတွေကို အမိန့်အာဏာ ထုတ်ပြန်တာမဟုတ်ဘူးလို့လည်း ကိုးကားမိန့်ကြားပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ မနေ့က တရားပွဲမှာ ပြောလိုက်တာလို့ ဖိလစ်ပိုင်နိုင်ငံထုတ် UCA သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ပေးဆပ်မှုအတွက် သူတို့ကိုယ်တိုင် ကြီးကျယ်မြင့်မြတ်တဲ့ ကိုယ်တွေ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာ သက်သေပြပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ကိုဗစ်-နိုင်တင်းန် ကပ်ရောဂါကြောင့် လူပေါင်း တစ်သောင်းသုံးထောင်လောက် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း ကာဒီနယ်က ပြောဆိုလိုက်သလို ပရဟိတသမားတွေ စေတနာ့ဝန်ထမ်းတွေရဲ့ ဆောင်ရွက်မှုတွေကိုလည်း သူက ချီးကျူးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။