သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-24
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် Nicholas Coppel ဟာ သြစတြေးလျမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တွေနဲ့ ဆစ်ဒနီမြို့က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့တွေ့ဆုံ ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။
2014-11-24
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ ကန့်ကွက်သူ ၂၄ ဦး ရှိခဲ့ပြီး အတည်ပြုလိုက်ပါတယ်။
2014-11-24
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနက ရေး ဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားလိုက်ပါတယ်။
2014-11-24
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်းကို ဖမ်းဆီးထားတာ ၅လ ကြာနေပြီဖြစ်ပေမဲ့ အခုချိန်ထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး ကျော်စွာဝင်းနဲ့ နီးစပ်သူတွေ က ပြောပါတယ်။
2014-11-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်က အထူးကုဆရာဝန် ၂၅ ဦးဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်ကို မနေ့က ကျန်းမားရေးစောင့်ရှောက် မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
2014-11-24
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရိုဟင်ဂျာလူမျိုး လို့ ခေါ်ဝေါ်သုံးနှုန်း ခဲ့တာကို ကန့် ကွက်ကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံ တစ်ထောင်ဝန်းကျင် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-11-24
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ OBO ခေါ် ပြည်ပအဆောက်အအုံ များ ဆောင်ရွက်ရေးဌာနက မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ American Center ခေါ် အမေရိကန်ပြန် ကြားရေးဌာန အဆောက်အဦးသစ် တည်ဆောက်ရေး အတွက် ဗာဂျီးနီးယားပြည်နယ်၊ စပရင်းဖီးလ်မြို့အခြေစိုက် Enviro-Management & Research ကုမ္ပဏီကို လုပ်ကိုင် ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
2014-11-23
ပြည်တွင်းစစ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ တကယ့်ပြသနာဖြစ်တဲ့ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုကိစ္စကို မဆွေးနွေးတဲ့အပြင် တစ်ဖွဲနဲ့ဆွေးနွေးပြီးတစ်ဖွဲ့ကို တိုက်နေတာဟာ ငြိမ်းချမ်းရေးရမယ့်နည်း မဟုတ်ဘူးလို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကပြောပါတယ်။
2014-11-23
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြုပြင်ပြောင်းလဲလို့မရအောင် တင်းကျပ်ထားတာမျိုး မဖြစ်သင့်သလို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကန့်သတ်တားမြစ်ထားတာမျိုးလည်း မဖြစ်သင့်ဘူးလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်ရဲ့ နာယက ဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
2014-11-23
အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား လုပ်ငန်းခွင်ပဋိပက္ခတွေကို ဖြေရှင်းပေးတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြေ ရှင်းရေးဥပဒေမှာ ထောင်ဒဏ်တွေထည့်သွင်းပေးဖို့ မန္တလေးစက်မှုဇုန်မှာ အလုပ်သမား ၂ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2014-11-23
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အကူအညီပေးဖို့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဒီကနေ့ညနေမှာ ထိုင်းနိုင်ငံ ကို ရောက်ရှိမယ်လို့ သိရပါတယ်။
2014-11-23
တပ်မတော်ရဲ့သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့အတွက် သတင်းသမားတွေနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။
2014-11-23
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အပြောင်းအလဲ ဖြစ်ပေါ် မှှုတွေအပေါ် လူထုအခြေပြု လူ့အဖွဲ့ အစည်းတွေအနေ နဲ့ ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် လူထု အခြေပြု လူမုှုအဖွဲ့အစည်းတွေ ထိုင်း မြန်မာ နယ်စပ် တစ်နေရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-11-23
ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်း ထဲကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူတွေအတွက် ရန်ကုန်မြို့ မှာနေတဲ့ လူငယ် ၁ဝဝ ကျော်က ရန်ကုန်မြို့ ရွှေလီလမ်း ကမြန်မာ ငြိမ်းချမ်းရေးစင်တာရှေ့မှာ ဝမ်းနည်းကြောင်း ဆုတောင်းခဲ့ကြပါတယ်။
2014-11-23
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည် နယ်က ကျောက်မီးသွေးတွင်းတစ်ခု မနေ့မနက် ၉ နာရီလောက်က ပေါက်ကွဲလို့ အလုပ်သမား ၃ ယောက်သေဆုံး မှုမှာ မြန်မာနိုင်ငံသားတစ်ယာက် ပါဝင်တယ်လို့ မနေ့ကထုတ်တဲ့ မလေးရှားနိုင်ငံက ဘာနားမား သတင်းတစ်ပုဒ် မှာ ဖေါ်ပြထားပါတယ်။