ခြေ / ဥ ပြင်ဖို့ လက်မှတ်ထိုးတဲ့ ဗိုလ်မှူး မိသားစုနဲ့ တွေ့ခွင့်မရ
2014.11.24

Photo: Kyaw Myo Tun/RFA
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်းကို ဖမ်းဆီးထားတာ ၅လ ကြာနေပြီဖြစ်ပေမဲ့ အခုချိန်ထိ အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူး ကျော်စွာ ဝင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
DSTA အပတ်စဉ် ၂ ဆင်းတဲ့ ဗိုလ်မှူးကျော်စွာဝင်း ကို ပြင်ဦးလွင်မြို့ တ.လ.က စစ်တပ် အချုပ်ခန်းမှာ ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေ့ဆုံခွင့်မပေးဘူးလို့ ဗိုလ်မှူးကျော်စွာဝင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒသဘောထားလက်မှတ်တွေ ကောက်ခံရာမှာ ပြီးခဲ့တဲ့ဧပြီလက ဗိုလ်မှူးကျော်စွာဝင်းက စစ်ဝတ်စုံနဲ့ ဝင်ရောက်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အင်တာနက် လူမှုရေးစာမျက်နှာ ဖေ့စ်ဘွတ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ သူ့ကို တပ်စည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ် ပါတယ်။