KIA သင်တန်းကျောင်း သေသူများ အတွက် ဆုတောင်းပွဲ ကျင်းပ


2014.11.23
kachin-fighting-23dead-305 KIA သင်တန်းကျောင်းက သေဆုံးခဲ့သူတွေအတွက် ရန်ကုန်မြို့မှာနေတဲ့ လူငယ် ၁ဝဝ ကျော်က ဝမ်းနည်းကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ဆုတောင်းစဉ်
Photo: Kyaw Htoon Naing/ RFA

ကေအိုင်အေ ဗိုလ်လောင်း သင်တန်းကျောင်းထဲကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာကြောင့် သေဆုံးခဲ့သူတွေအတွက် ရန်ကုန်မြို့ မှာနေတဲ့ လူငယ် ၁ဝဝ ကျော်က ရန်ကုန်မြို့ ရွှေလီလမ်း က မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ဝမ်းနည်းကြောင်း ဆုတောင်းခဲ့ကြပါတယ်။

သေဆုံးခဲ့တဲ့ ဗိုလ်လောင်းတွေဟာ လူငယ်တွေဖြစ် တာကြောင့် နိုင်ငံအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲလို့ ဆုတောင်းပွဲမှာပါဝင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ မိုင်သင်းယုမွန်က ပြောပါတယ်။

"ကျမတို့အနေနဲ့ ကိုယ့်တိုင်းရင်းသား ညီအစ် ကိုမောင်နှမတွေပေါ့နော်၊ ဒီလိုကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အင်မတန်ဝမ်းနည်းရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကလည်း လူငယ်လေးတွေဖြစ်တယ်၊ နိုင်ငံအတွက် ဆုံးရှှုံးမှူှုကြီး လို့မြင်တယ်၊ အင်မတန်မှ ဝမ်းနည်းမိတယ်၊ နောက်ထပ်တစ်ခုကတော့ အခုလိုငြိမ်းချမ်းရေးဆွေးနွေး ညှိနှှိုင်းမှှုများတွေ အများကြီးလုပ်ဆောင်နေတဲ့အချိန်မှာ ပြန်ပြီးတော့ နောက်လည့်နေတဲ့ပုံစံတွေ မြင် ရတဲ့အချိန်မှာ ကျမတို့ အရမ်းတောင့်တမိတယ်ပေါ့နော်၊ ဒီငြိမ်းချမ်းရေးဆိုတဲ့ ပန်းတိုင်ကိုမှ ရောက်နိုင် ကြမလားပေါ့နော်၊ ဒီလို ကိုယ့်ရဲ့ခံစားချက်လေးတွေကို ဖော်ပြခြင်းအတွက် လာရောက်ခြင်းဖြစ် ပါတယ်"

လူငယ်တွေဟာ အနက်ရောင် အင်္ကျီတွေ ဆင်တူဝတ်ဆင်ကာ  ပန်းခြင်းတွေ၊ ပန်းခွေတွေ၊ နှင်းဆီပန်းတွေကိုင် ပြီး မြေနီကုန်းလမ်းဆုံ ပဒုမ္မာပန်းခြံရှေ့ကနေ ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာရှေ့အထိ လမ်းလျှောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းထဲကို တပ်မတော်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က ၁၁ ဦး၊ ရခိုင့်တပ်မတော်က ၈ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက နှစ်ဦးနဲ့ ချင်းအမျိုးသားတပ်ဦးက နှစ်ဦး သေဆုံးခဲ့ကြပါတယ်။

သေဆုံးခဲ့သူတွေအတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စီတာဘူမနောကွင်းမှာ ဝမ်းနည်းကြောင်း ဆုတောင်းပွဲတွေ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။