ထိုင်းအခြေစိုက် လူမှုှအဖွဲ့အစည်း များ NCCT နဲ့ တွေ့ဆုံဆွေးနွေး


2014.11.23

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အပြောင်းအလဲ ဖြစ်ပေါ်မှှုတွေအပေါ် လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အနေနဲ့ ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ အခြေစိုက် လူထုအခြေပြု လူမုှုအဖွဲ့အစည်းတွေ ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်ပမှာ ပထမဆုံးအကြိမ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ လူမှှုအဖွဲ့ အစည်းတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ပေးတာလို့  ဒီအစည်းအဝေးကို ဦးဆောင်စီစဉ်ပေးခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနိုင်ငံ အဖွဲ့က အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက အခုလို ပြောဆိုပါတယ်။

ဒီဆွေးနွေးပွဲကို NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ဦးဆောင်တဲ့ အဖွဲ့ဝင် လေးယောက်က ဦးဆောင်ဆွေးနွေး ရှင်းလင်းခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အားလုံးကို ပွင့်ပွင့်လင်းလင်း ရှင်းပြနိုင်ခဲ့တယ်လို့လည်း ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် က သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။