သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-04-12
ဦးချစ်ခိုင်အပြင် ဇေကမ္ဘာ ဦးခင်ရွှေရဲ့သားဖြစ်သူ ဦးဇေသီဟနဲ့ နောက်ထပ် စားအုန်းဆီလုပ်ငန်းရှင် ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
2025-04-12
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ကြေညာပေးဖို့ ကုလသမဂ္ဂ က ဧပြီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2025-04-12
သေဆုံးသူတွေဟာ အသက် ၂၈ နှစ်အရွယ် မနန်းချောနဲ့ အသက် ၃၁ နှစ်အရွယ် မအေးနွယ်ဌေးတို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
2025-04-11
စစ်ကောင်စီနဲ့ မီးသတ်ဦးစီးဌာနရဲ့ ဧပြီလ ၁၁ ရက်နေ့ည ထုတ်ပြန်ချက်နှစ်ခုအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာပါတယ်။
2025-04-11
ငလျင်ဘေးအပါအဝင် နောက်ဆုံးရ မြန်မာသတင်းများ။
2025-04-11
လူထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တဲ့ သတင်းတွေ ရရှိထားပြီး အများအပြားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
2025-04-11
အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေဟာ အင်းလေးကန် ရေကျလို့ ပေါ်လာတဲ့ ကုန်းမြေတွေပေါ်မှာ ဖြစ်သလို နေထိုင်ကြတာရှိသလို တချို့ကတော့ လှေပေါ်မှာပဲ ယာယီအိမ်လုပ်ပြီး နေထိုင်ကြရပါတယ်။
2025-04-11
ဒီတိုက်ခိုက်မှုတွေကို အမိန့်ပေးစေခိုင်းသူတွေ နဲ့ လုပ်ဆောင်သူတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IIMM ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
2025-04-11
စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်ဖို့၊ စစ်လက်နက် လေယာဉ်ဆီ နဲ့ နည်းပညာထောက်ပံ့ခြင်တွေကို ပိတ်ပင်ဖို့၊ စစ်ကောင်စီ နဲ့ သံတမန်ရေး အဆက်အဆံမလုပ်ဖို့ နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို နိုင်ငံတကာမှာ တရားစွဲဆိုရာမှာ ပါဝင်ပေးဖို့တွေ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
2025-04-11
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုလူကုန်ကူးခံရတဲ့ အမျိုးသမီး ၂၁ ဦးကို ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်းက မန္တလေးမြို့မှာ အာဏာပိုင်တွေက ကယ်တင်လိုက်ပါတယ်။
2025-04-11
ငလျင်ကြောင့် အကူအညီလိုအပ်နေသူတွေထံ ကယ်ဆယ်ရေးလုပ်ငန်းတွေရောက်ရှိဖို့ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် ဒါဇင်နဲ့ချီပြီး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုတွေကြောင့် အရေးတကြီးလိုအပ်နေသူအများအပြားထံ အကူအညီတွေမရောက်နိုင် ဖြစ်ခဲ့ရပြီး အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။
2025-04-11
မြန်မာနိုင်ငံမှာကြုံနေရတဲ့ ငလျင်ဘေးအတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၁ ဘီလီယံတန်ဖိုးရှိတဲ့ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဧပြီလ ၁၀ ရက်နေ့ညက ထုတ်ပြန်ပါတယ်။
2025-04-10
ငလျင်ဘေးအပါအဝင် နောက်ဆုံးရ မြန်မာသတင်းများ။
2025-04-10
၂၀၂၃ ခုနှစ်က လားရှိုးမြို့မှာ မုဒိန်းမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုနဲ့ ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူရှစ်ဦးကို သေဒဏ်အမိန့်နဲ့ တစ်သက်တစ်ကျွန်းစတဲ့ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
2025-04-10
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကတော့ အပစ်အခတ်ရပ်စဲရေးဆက်လုပ်ဖို့၊ ပဋိပက္ခတွေနဲ့ အရပ်သားတွေကိုသတ်ဖြတ်နေတာတွေရပ်ဖို့ ဧပြီလ ၁၀ ရက်မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။