ငလျင်ကြောင့် သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာ
2025.04.11

စစ်ကောင်စီနဲ့ မီးသတ်ဦးစီးဌာနရဲ့ ဧပြီလ ၁၁ ရက်နေ့ည ထုတ်ပြန်ချက်နှစ်ခုအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် MRTV သတင်းမှာ ဧပြီလ ၁၁ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၈၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၃၉ ဦးအထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း ဧပြီလ ၁၁ ရက် ည ၇ နာရီနောက်ပိုင်းမှာ မန္တလေးမြို့ Great Wall Hotel အဆောက်အအုံပျက်ကနေ နောက်ထပ် ရုပ်အလောင်းငါးလောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဧပြီလ ၁၁ ရက်နေ့ ညက ထုတ်ပြန်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ငလျင်ဘေးဒဏ်သင့်ဒေသမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေကတော့ ငလျင်ကြောင့် အမှန်တကယ်သေဆုံးထိခိုက်သူအရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့ ပြောကြပါတယ်။