သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-24
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-08-24
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်မှု ပြုလုပ်နိုင်ရန် ညွှန်ပြချက်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ဘယ်လို သဘောထားတယ်ဆိုတာ ရှင်းလင်းဖြေကြားပေးဖို့ အဆိုကို သာပေါင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ထပ်မံ တင်သွင်းလိုက်ပါတယ်။
2012-08-23
အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ညမထွက်ရ အမိန့်ကို ချိုးဖောက်မှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင် တိုင်းရင်းသား ၆၀ လောက်ကို ပြည်နယ်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက ဖော်ပြပါတယ်။
2012-08-23
ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။
2012-08-23
ဒီနေ့ နေ့လည်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးက ပေးပို့တဲ့ သဝဏ်လွှာကို နာယက ကဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်မယ့် အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့အတွက် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
2012-08-23
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေဘက်က ခြံစည်းရိုး ကာရံနေတာကို ဒီကနေ့ ဒေသခံရွာသား ၆၀၀ ကျော်လောက် သွားရောက်ပြီး တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
2012-08-23
ရန်ကုန်မြို့ ရွှေပြည်သာ သာဓုကန်ဒေသက လယ်သမား ၇၆ ဦးပိုင် လယ်ယာမြေတွေ သိမ်းယူခံထားရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့ လယ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ဒီကနေ့ ဗဟန်းမြို့နယ်က M-3 စားသောက်ဆိုင်မှာ လျော်ကြေးကိစ္စ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု မရခဲ့ဘူးလို့ RFA က စုံစမ်းသိရပါတယ်။
2012-08-23
ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခြင်း ခံနေရတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ဒီကနေ့ နေ့လည်က မင်္ဂလာဒုံ မြို့နယ်တရားရုံး တရားသူကြီး ဦးကိုကိုနိုင်ရဲ့ တရားခုံမှာ ပထမဆုံးအကြိမ် ရုံးရှေ့ရောက် အမှုရင်ဆိုင်ခဲ့တယ်လို့သိရှိရပါတယ်။
2012-08-23
သတ္တုတွင်း ဝန်ကြီးဋ္ဌာနက The Voice ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ နှင့် တရားစွဲဆိုမှုအပေါ် စွပ်စွဲချက် တင်သင့် မတင်သင့်ကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှတ်မယ်လို့ ဒီကနေ့ ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်လို့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက RFA ကို အခုလို ပြောပါတယ်။
2012-08-23
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကာလ အရင်က ၁ လ သတ်မှတ်ထားပေမယ့် ပထမဆုံးအကြိမ် ကော်မရှင် အဖွဲ့အစည်းအဝေးမှာ အချိန်ကာလ သုံးလအထိ တိုးမြှင့်လိုက်တယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။
2012-08-22
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက ပြောပါတယ်။
2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဒေသခံ ခေါင်းဆောင်တွေဟာ ရသေ့တောင်မြို့မှာ စုဝေးပြီး မေယုမြစ်ဝှမ်း ညီလာခံလို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို များမကြာခင် ကျင်းပနိုင်ရေးအတွက် ရသေ့တောင်မြို့ အောင်မြေဗောဓိ အလိုတော်ပြည့် ကျောင်းတိုက်မှာ သြဂုတ်လ ၂၂ ရက် မနေ့က နေ့လည်ပိုင်းက မြို့မိမြို့ဖတွေ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
2012-08-22
မြန်မာနိုင်ငံမှာမွေးပြီး ဟောင်ကောင်မှာ အခုအခြေစိုက် နေထိုင်တဲ့ ခွဲစိတ်ဆရာဝန်ကြီး Dr. James Kong ဟာ စိတ်ဒဏ်ရာ Trauma ပြင်းပြင်းထန်ထန် ရရှိထားသူတွေကို ပဏာမ ကုသပေးနိုင်မယ့် အခြေခံသင်တန်းတစ်ခု ပို့ချဖို့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
2012-08-22
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။
2012-08-22
စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။