ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး အချိန်ကာလ ၃ လအထိ တိုးမြှင့်
2012.08.23
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို လွတ်လွတ်လပ်လပ် ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်တွေကို အများပြည်သူသိအောင် ကြေညာဖို့ လိုတယ်လို့ ကျောက်တော် ဒေသခံ အစ္စလာမ် ဘာသာဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကော်မရှင် အဖွဲ့ဝင်တွေထဲမှာ အသိုင်းအဝိုင်း နှစ်ဖက်က မယုံကြည်တဲ့သူတွေ ပါနေတဲ့အတွက် ကော်မရှင်က စုံစမ်းကောက်ယူမယ့် အချက်တွေနဲ့ ပတ်သက်လို့ ဒေသခံတွေဘက်က စိုးရိမ်မကင်း ဖြစ်နေတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
ဒါပေမယ့် ကော်မရှင်အဖွဲ့ဝင်တွေမှာ နယ်ပယ်ပေါင်းစုံက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ မျှမျှတတ ပါဝင်နေတဲ့အတွက် တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဆုံးဖြတ် ဆောင်ရွက်မှာ မဟုတ်ဘူးလို့ အဖွဲ့ဝင် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။
အလားတူ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေကို ပဋိပက္ခတွေကို ဖြေရှင်းရာမှာ လေ့လာနေတဲ့ ပညာရှင်တွေ အပါအဝင် အလွှာပေါင်းစုံကပုဂ္ဂိုလ် ပါဝင်အောင် သေသေချချာ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောပါတယ်။
မကြာခင် အချိန်တွင်းမှာလည်း ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာတွေကိုလည်း ကော်မရှင်ကိုယ်တိုင် အသေအချာ သွားရောက် စုံစမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |