ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး
2012.08.22

RFA
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ဟာ ဗုဒ္ဒဟူးနေ့ ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့် ဘာတွေပြောဆို ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့ ဗိုလ်မှူးကြီး ဇော်ဋ္ဌေးက မပြောပါဘူး။
အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ နောက်ဆုံး တွေ့ဆုံခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဆွေးနွေးမှု အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။