သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-07-24
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ လှည်းကူးတရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ထောင်ဒဏ် နှစ်လ အပြစ်ပေးခြင်းခံရတဲ့ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ကပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်၊
2012-07-24
ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ ဒေါ်သစ်သစ်ဆွေက First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို သတင်းမှား ရေးသားတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
2012-07-24
မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
2012-07-24
မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ ဒီကနေ့ မနက် (၉) နာရီအချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ NGOs အဖွဲ့အစည်း တချို့နဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
2012-07-23
စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်တဲ့ ခြေလှမ်းသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံက သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။
2012-07-23
ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်နေတဲ့ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဦးခွန်မြင့်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ တောင်ကြီးမြို့မှာရှိတဲ့ ပအို့ဝ် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ ဟိုပုန်းမြို့နယ်က ပရဟိတကျောင်းကို သွားရောက်ခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။
2012-07-23
အပြစ်မဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ကချင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ဆက်လက် ကျူးလွန်ခြင်းဆိုတဲ့ ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင်တို တစ်ကားကို ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်း KWAT က မနေ့က ဖြန့်ချိလိုက်ပါတယ်။
2012-07-23
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
2012-07-23
လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသား တစ်ဦးချင်းရဲ့ ဝင်ငွေဟာ ကမ္ဘောဒီးယား၊ လာအိုစတဲ့ နိုင်ငံတွေထက် ပိုမိုမြင့်မားလာမယ်လို့ မျှော်မှန်းကြောင်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်ပါတယ်။
2012-07-23
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပတ် လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နောက်တကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။
2012-07-23
ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှုနဲ့တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံ ရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
2012-07-23
စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် ၂ အစိုးရ အထက်တန်းကျောင်းက အဆောင် ဝရန်တာတစ်ခု ဒီကနေ့ ညနေ ၃ နာရီခန့်က ပြိုကျခဲ့တဲ့ အတွက် ကျောင်းသူ ကျောင်းသား ၃၁ ဦး ထိခိုက်ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ သိရပါတယ်။
2012-07-23
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မင်္ဂလာပါ ဒီမိုကရေစီအမည်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမဲ့လမှာ စတင် ကျင်းပမယ်လို့ သိရပါတယ်။
2012-07-23
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက်နေ့ အမှတ်တရ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်က ကျင်းပခဲ့ရာမှာ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၆ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
2012-07-23
ပြည်မြို့က အခြေအနေမဲ့ ကလေးငယ်တွေအတွက် ပညာသင်ပေးတဲ့ အစီအစဉ်ကို လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ စပြီး ဖွင့်လှစ်လိုက်ပါတယ်။