ဦးအေးလွင်က ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ လှည်းကူးတရားရုံးက တာဝန်ဝတ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ထောင်ဒဏ် နှစ်လ အပြစ်ပေးခြင်းခံရတဲ့ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထောင်ကပြန်လည် လွှတ်မြောက်လာခဲ့ပါတယ်၊

၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့က နေပြည်တော် ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်က တာဝန်ရှိ ဝန်ထမ်းတွေနဲ့ အချေအတင် စကားများရာကနေ သက်ဆိုင်ရာက ဦးအေးလွင်ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်ဟာ သူတို့အနေနဲ့ တရားဥပဒေအတွင်းက လုပ်ဆောင်ခွင့်မရတဲ့ အခြေအနေတွေ တင်ပြတာကို လက်ခံခြင်းမရှိဘူးလို့ဦးအေးလွင်က ပြောဆိုပါတယ်။

ဦးအေးလွင်ရဲ့ ထောင်ကျစဉ်က အတွေ့အကြုံနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဦးကိုကိုအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

0:00 / 0:00