နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရ ဖိတ်ခေါ်

စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်တဲ့ ခြေလှမ်းသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံက သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

2012.07.23

မြန်မာနိုင်ငံအတွင်း အရင်က မလုပ်ကိုင်ဖူးသေးတဲ့ ဒေသတွေမှာ စူးစမ်းရှာဖွေမှု လုပ်ချင်သူတွေ၊ သတ္တုရိုင်းတွေ ရှိမယ်လို့ သတ်မှတ်ထားပြီးသား ဒေသတွေမှာ သေချာအောင် ထပ်ပြီး ရှာဖွေ အတည်ပြုလိုသူတွေ အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း လုပ်ငန်းစတင်ဖို့ လျှောက်ထားနိုင်ပါတယ်လို့ သတ္တုတွင်း ဝန်ကြီး ဦးဝင်းထိန်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်အနေနဲ့ မျှော်လင့်သလို ရှာဖွေ ထုတ်လုပ်လို့ရ မရ ဆိုတာကတော့ စွန့်စားကြည့်ကြရမှာပါပဲလို့ ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကိုယ်စားလှယ် ၃၀၀ လောက်ကို ပြောခဲ့ပါတယ်။

သြစတြေးလျ၊ တရုတ်၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ကုမ္ပဏီ ၇ ခုတို့ဟာ သံ၊ သွပ်၊ ရွှေနဲ့ တခြားသတ္တု ရှာဖွေရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကျောက်မျက်ရတနာ တူးဖော်မှုကိုတော့ ခွင့်မပြုပါ။

သတ္တုရိုင်း တင်ပို့မှုကို ခွင့်မပြုတဲ့အတွက် သန့်စင်ပြီးသား သတ္တုတွေကိုသာ နိုင်ငံခြားကို တင်ပို့ရောင်းချဖို့ ဝန်ကြီးက နိုင်ငံခြား လုပ်ငန်းရှင်တွေကို တိုက်တွန်းသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။