သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပတ် လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နောက်တကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။

2012.07.23
assk-parliament-0711-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက် လာသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
Photo: NLD facebook

ဒါဟာ လွှတ်တော်တွင်း တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်း ပိုပြီး ပွင့်လင်းလာတယ်ဆိုတာ ပြသနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေး မဟာအောင်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"ကျွန်တော်တို့ကလည်းဒါ မကြာမကြာ ပြောထားပါတယ်။ လမ်းညွန်ထားပါတယ်။ ကျွန်တော်တို့ လာတာကိုက ပြည်သူ့လူထု အကျိုးအတွက် ဆိုရင် မတူတဲ့ကိစ္စတွေ ပေါင်းလုပ်ဖို့ဖြစ်တယ်။ အခုထိတော့ ကျွန်တော်တို့ကလည်း လွှတ်တော်တက်တဲ့ ရက်ကတော့ သိပ်ပြီးတော့ မများသေးပါဘူး။ အဲတော့ တဖြေးဖြေးပေါ့လေ၊ ဆက်ဆံရေးကတော့ ပိုပြီးတော့ ချောမွေ့လာမဲ့ အလားအလာတွေ ပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဖြည်းဖြည်း ပွင့်ပွင့်လင်းလင်း ရှိလာပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတာတွေလည်း ပွင့်လင်းလာသလိုပေါ့"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်ခြင်း မရှိပါဘူး။

အလားတူ အာဏာရ ပါတီဖြစ်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဆွေးနွေး ပြောဆိုတာမျိုးတွေ ရှိတယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။