မြန်မာ အလုပ်သမားရေး ထိုင်းနိုင်ငံရှိ NGO တွေနဲ့ ဝန်ကြီး ဦးအောင်ကြည် ဆွေးနွေး
2012.07.24
၁ နာရီခွဲကြာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးအောင်ကြည်က တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေထံကနေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲတွေကို လေ့လာမေးမြန်းခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ Foundation for Education and Development (FED) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
“ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေမှာ ထိုင်းအစိုးရရဲ့ ပေါ်လစီကြောင့် သို့တည်းမဟုတ် ထိုင်းအာဏာပိုင်တွေ၊ နောက်လုပ်ငန်းရှင်တွေနဲ့ ကြုံရတဲ့ အလုပ်သမား အခွင့်အရေး ပြဿနာတွေကို အဓိက ကျွန်တော်တို့က တင်ပြခဲ့တယ်။ နောက် ကျွန်တာ်တို့ ယုံကြည်တာက တချို့ဟာတွေက အစိုးရ အချင်းချင်း ပြောလို့ရှိရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ နောက် ကျွန်တော်တို့ ကိုယ်နှိုက်ကလည်း ကြုံဖူးတယ်။ အစိုးရက ကူညီပြီးတော့ ပြောဆိုပေးလို့ တချို့ လုပ်ငန်းတွေက အောင်မြင်သွားတာ တွေ့တယ် ဆိုတဲ့ဟာမျိုးဆိုတော့ အစိုးရအနေနဲ့ ဒီထက် စနစ်ကျတဲ့ ပုံစံမျိုးနဲ့ လုပ်ဖို့ပေါ့နော်။ ကျွန်တော်တို့ အနေနဲ့ အကြံပေးတာရယ်၊ နောက်တစ်ခုက အဲဒီ ကျွန်တော်တို့နဲ့ တွဲလုပ်ရမယ့် ဌာနဆိုင်ရာ ဝန်ထမ်း အသီးသီးကလည်း တကယ့်ကို မျိုးချစ်စိတ်ရှိတဲ့ ဝန်ထမ်းတွေကို ခန့်ပေးဖို့အထိ ကျွန်တော်တို့ တောင်းဆိုခဲ့တာမျိုးတွေ ရှိပါတယ်”
ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားအရေး တာဝန်ခံ ဦးကျော်ကျော်လွင်တို့ တက်ရောက်ကြပြီး အဖွဲ့အစည်းများမှ UNDIP, MAP ဖောင်ဒေးရှင်း၊ FED နဲ့ BAT အဖွဲ့တွေ အပြင် ယာယီပတ်စပို့ ထုတ်ပေးရေး ဝန်ဆောင်မှု အဖွဲ့ဝင်အချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်း ထိုင်းနိုင်ငံက RFA သတင်းထောက် ကိုအောင်မြတ်စိုးရဲ့ သတင်းပေးပို့ချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |