သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-27
ပြီးခဲ့တဲ့ရက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဝေါမြို့နယ် သူရဲသမိန်ကျေးရွာက မွတ်စလင် သက်ကြီးရွယ်အို ၅၀ ကျော်ကို ဇွန်လ ၂၅ ရက်နေ့ က ဝေါမြို့ပေါ် ကို ပြောင်းရွှေ့ပေးထားတယ်လို့ ဝေါမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။
2016-06-27
အလုပ်သမားတွေအတွက် အချိန်ပိုကြေး ကျပ်သိန်း ၅၀၀ လောက်ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံကို အစိုးရက မနက်ဖြန် တရားစွဲဆိုမယ် လို့ ပြောပါတယ်။
2016-06-27
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးနဲ့ တရားမဝင်ရောင်းဝယ်ဖောက် ကားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။
2016-06-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင် ၈ ဖွဲ့ကခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ၂၁ ရာစု ပင်လုံ ညီလာခံ အောင်အောင်မြင်မြင် ကျင်း ပနိုင်ရေး ဆွေးနွေးသွားမယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
2016-06-26
ကချင်ပြည်နယ် မိုင်ဂျာယန်မှာကျင်းပမည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ ရဲ့ ညီလာခံ တက်ရောက်ဖို့ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ ဆုံဆွေးနွေးရေးကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးစီး သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST ဒုတိယအကြိမ် ညီလာခံကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-06-26
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် အတွင်း မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံရေးအစီ အစဉ် လွဲချော်ခဲ့ရပုံနဲ့ မြန်မာသံရုံးမှာ ရွှေ့ပြောင်း အလုပ်သမား ကူညီသူများ တွေ့ဆုံဆွေးနွေးခဲ့ပုံတွေ အကြောင်းကို ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီရေးအဖွဲ့က ကိုရဲမင်းနဲ့ Burma Association Thailand အဖွဲ့က အလုပ်သမား အရေးလှုပ်ရှားသူ မဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2016-06-26
ကချင်ပြည်နယ်ကနေ စားဝတ်နေရေး အခက်အခဲကြောင့် ရခိုင်ပြည်နယ် ကို ပြန်လာကြတဲ့ မင်းပြား၊ မြောက် ဦး၊ မြေပုံစတဲ့မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒခြေတော်ရာ အနီးမှာ ဆောက်လုပ်ထားတဲ့ လုံးချင်းနေအိမ် ၆၃ လုံး ကို ပြည်နယ်အစိုးရက ပေးအပ်လိုက်ပါတယ်။
2016-06-26
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ့ဆုံပွဲကို အလုပ်ကနေ ခွင့်မတိုင် ကြားဘဲ တက်ရောက်ခဲ့လို့ဆိုပြီး အထည်ချုပ်စက်ရုံတစ်ရုံက မြန်မာအလုပ်သမား ၄၈ ယောက် ကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
2016-06-26
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ နယ် ရေယားကျေးရွာနဲ့ ရေယောင်းမကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီးမှာ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း ၁ဝ သိန်းကျော် ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၄ သောင်းနီးပါးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-06-26
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ ပါတယ်။
2016-06-26
အစိုးရက "ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ရဟန်းသံဃာတော်တွေ၊ ဒေသခံလူထုတွေက ကန့်ကွက် လိုက်ကြပါတယ်။
2016-06-26
အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေး တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက် မရှိ ပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ညဉ်းပန်းနှိပ်စက်မှုု တားမြစ်ဆန့်ကျင်တဲ့ဥပဒေ Convention Against Torture (CAT) ကို မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးဖို့အတွက် လူမှု့အဖွဲ့အစည်း ၄ ခု ပူးပေါင်းပြီး ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-06-26
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ လာမယ့် ဇွန်လ ၂၈ ရက်နေ့ နေပြည်တော်မှာ ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
2016-06-26
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်နှစ် အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ကာလတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၅ဝ ကျော် ဖိုးခန့်ကို အာဏာပိုင်တွေက ဒီကနေ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ စတဲ့ မြို့ကြီးတွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
2016-06-26
ဒီနေ့ ကျရောက်တဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးနေ့မှာ မွန်ပြည်နယ် ရေးမြို့က အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေနဲ့ ဆရာတော်တွေက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဆန္ဒပြတောင်းဆိုကြ ပါတယ်။