သူရဲသမိန် သက်ကြီးမွတ်စလင် ၅၀ ကျော် ဝေါမြို့ ကို ရွှေ့ပြောင်းပေး


2016.06.27
wall-thayethamain-620.jpg ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း ဝေါမြို့နယ်ထဲက သူရဲသမိန်ကျေးရွာကို ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Myo Zaw Ko/ RFA

ပြီးခဲ့တဲ့ရက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဝေါမြို့နယ် သူရဲသမိန်ကျေးရွာက မွတ်စလင် သက်ကြီးရွယ်အို ၅၀ ကျော်ကို ဇွန်လ ၂၅ ရက်နေ့ က ဝေါမြို့ပေါ် ကို ပြောင်းရွှေ့ပေးထားတယ်လို့ ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

အခုအချိန်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလဖြစ်နေတဲ့အတွက် ဥပုသ်စောင့်နိုင်ဖို့ ရွှေ့ပြောင်းပေးထား တာဖြစ်တယ်လို့ ဝေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး က ပြောပါတယ်။

"သက်ကြီးရွယ်အိုတွေက ဗလီမရှိတော့တဲ့အခါကျတော့ သူတို့ဘုရားရှိခိုးချင်တယ်တဲ့၊ ဝေါမှာလည်း ဆွေမျိုးတွေ ရှိတဲ့အတွက် သူတို့ဝေါကို သွားချင်တာပေါ့၊ အသက်ကြီးတဲ့လူတွေ ကြောက်လည်းကြောက်တယ်ပေါ့၊ ကျနော်တို့ ကိုယ်တိုင်ပဲ ရဲအကူအညီနဲ့ လူ ၅ဝ ကျော်ကို ဝေါက ဗလီလူကြီးကို အပ်ပေးထားတယ်၊ သူတို့ကတော့ ဥပုသ်ရာသီ ကာလမှာ အဲ့မှာနေပြီး ကျန်တဲ့အချိန်မှာတော့ ဟိုမှာပြန်နေလို့ရအောင် ကျနော်တို့ စီစဉ်နေပါတယ်၊ ရလည်းရမှာပါ"

သူရဲသမိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရွာသားအချင်းချင်း ရန်ဖြစ်ရာကနေ ဗလီတစ်လုံးနဲ့ အိမ်တစ် လုံး ဖျက်ဆီးခံလိုက်ရပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့ အင်အား ၁၅၀ လောက်က လုံခြုံရေး တာဝန်ယူထားပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူရဲသမိန်ကျေးရွာလူကြီးနဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ နဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။