နေပြည်တော် အမြန်လမ်းတစ်နေရာ တံတိုင်းခတ်မှာ ဒေသခံများစိုးရိမ်


2016.06.22
thiha-kyawswartun-620.jpg ရဘိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသီဟကျော်စွာထွန်းအား ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်-ရန်ကုန် အမြန်လမ်းဘေး အုတ်တံတိုင်းခတ်မယ့်နေရာတွင် တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးဘေးရှိ  ကျေးရွာ ၁၁ ရွာက အသုံးပြုနေတဲ့လမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက အုတ်တံတိုင်းခတ်ဖို့ စီစဉ်နေတဲ့အတွက် သွားလာရေးအခက်အခဲဖြစ်မှာကို အနီးအနားရှိ ဒေသ ခံတွေက စိုးရိမ်နေကြပါတယ်။

ရန်ကုန်- နေပြည်တော် ၁၉၂ မိုင်တိုင်အနီးက အဲ့ဒီလမ်းကို အုတ်တံတိုင်းခတ်လိုက်မယ်ဆိုရင် သွားလာရေး ခက်ခဲနိုင်တဲ့အတွက် တံတားအသစ်တွေ ဦးစွာပထမဆောက်လုပ်ပေးဖို့ ဒေသခံတွေ စုပေါင်းပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ထံ တင်ပြထားတယ်လို့ ရဘိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသီဟကျော်စွာထွန်း က ပြောပါတယ်။

"ဒီတံတိုင်းခတ်မယ်ဆိုရင် ကျနော်တို့မှာ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့၊ ကားလည်းဖြတ်လို့ မရဘူး၊ ဆိုင်ကယ်လည်းသွားလို့မရဘူးပေါ့၊ ဒီချောင်းတံတားကလည်း မဆောက်ပေးသေးဘူးခင်ဗျာ၊  မြို့နယ်အုပ်ချုပ်ရေးမှူးကို ကျနော်သွားပြီးတော့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်"

ဆောက်လုပ်ရေးဝန်ကြီးဌာနက မနေ့က မြေနေရာတိုင်းတာပြီး အုတ်တွေပုံထားတယ်လို့လည်း သူက ပြော ပါတယ်။

ဒေသခံတွေတင်ပြတဲ့ လမ်းတံတားတွေ ဖောက်လုပ်မပေးရင် ကျန်းမာရေး၊ ပညာရေး၊ ဒေသထွက်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

အုတ်တံတိုင်းကာမယ့် လမ်းကို ရဘိန်း၊ အောင်သပြေ၊ အောင်စီနတ်ကန်၊ ကြိမ်မြောင်၊ အောင်မင်္ဂလာ၊ အောင်သာ၊ ယက္ကန်းစင်၊ အောင်သာယာ၊ မင်းရေး၊ သာယာကုန်း၊ ဆပ်ပြာကျင်း၊ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီပြီး အသုံးပြုနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။