လက်ပံတောင်းမှာ ဝမ်ပေါင်ကုမ္ပဏီ က ခြံစည်းရိုး ဆက်လက်ကာရံ


2013.10.13

လက်ပံတောင်းတောင်ဒေသမှာ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်းဝင်းကို ခြံစည်းရိုးကာရံနေရာမှာ ဒေသခံတွေက ဆန့်ကျင်ကန့်ကွက်နေကြပေမယ့် တနင်္ဂနွေနေ့က လေးရက်မြောက်နေ့အဖြစ် ဆက်လက်လုပ်ကိုင်နေပါတယ်။

ရာနဲ့ချီတဲ့လုံထိန်းတပ်ဖွဲ့တွေက ရွာသူရွာသားတွေ အနားမကပ်နိုင်အောင် အကာအကွယ်ပေးထားပြီး ခြံစည်းရိုးဆက်လက်ကာရံနေကြောင်း နှမ်းခင်းတွေကို စက်ကြီးတွေနဲ့ဖျက်ပြီး ခြံစည်းရိုးကာရံနေတာဖြစ်ကြောင်း ဆည်တဲရွာဒေသခံတွေက ပြောပါတယ်။

ဒါဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်တာမဟုတ်ဘူးလို့ ဒေသခံတွေကို အကူအညီပေးနေတဲ့ မမာရွှေကပြောပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်းမှာ ဒေသခံ၂၀၀ ဝန်းကျင်လောက် ဆည်တဲရွာဟောင်းမှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီကို သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒေသခံတွေအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။