Premier ကော်ဖီစက်ရုံကို အစိုးရက တရားစွဲမည်


2016.06.27

အလုပ်သမားတွေအတွက် အချိန်ပိုကြေး ကျပ်သိန်း ၅၀၀ လောက်ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံကို အစိုးရက မနက်ဖြန် တရားစွဲဆိုမယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဒီနေ့အထိ ပေးဖို့ကျန်နေတဲ့အတွက် တရားစွဲမှာဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါ က ပြောပါတယ်။

"အဲ့မှာ နေ့စား နေ့ရှင်းအလုပ်သမားတွေ ရှိတယ်လေ၊ အဲ့အလုပ်သမားတွေကို စနေနေ့မှာ OT က  ၆ နာရီခွဲဆင်းရတယ်၊ ၆ နာရီခွဲမှာ ၂ နာရီခွဲစာပဲ ပေးထားတယ်၊ ၄ နာရီစာကျန်နေတယ်လေ၊ အလုပ်သမား ၂၉၇ ယောက် ကျနော်တွက်လိုက်တာ သိန်း ၅၂၅ သိန်းကျော်ပေါ့၊ ကျနော်တို့က ပြန်ပေးခိုင်းတယ်၊ မပေးတဲ့အတွက်ကြောင့်  ကျနော်တို့က လှိုင်သာယာမြို့နယ် တရားရုံးမှာ တရားစွဲပြီးတော့ ပေးအောင် လုပ်မှာပေါ့"

ပရီးမီးယား စက်ရုံကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုမည့် လူကြီးမရှိကြောင်း ဖြေကြားပါတယ်။

ပရီးမီးယားစက်ရုံဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတာဖြစ်ပြီး အလုပ်သမား အရေအတွက်က တစ်ထောင်ကျော်လောက် ရှိတာဖြစ်ပါတယ်။

Premier ကော်ဖီမစ်စက်ရုံမှာ နေ့စားအလုပ်သမားတွေကို အချိန်ပိုကြေး အပြည့်မပေးတဲ့အပြင် ဥပဒေ အရ သတ်မှတ်ပေးထားတဲ့ နားရက်တွေအတွက် လုပ်အားခဖြတ်တောက်မှုတွေ ရှိနေတယ်လို့လည်း ဦးချစ်ပေါ က ပြောပါတယ်။

အချိန်ပိုကြေး အပြည့်မရတဲ့ နေ့စားအလုပ်သမား ၃၀၀ လောက်ရှိပြီး အဲ့ဒီအထဲမှာ အများဆုံး လုပ်သက် ၂ နှစ်ကနေ အနည်းဆုံး လုပ်သက်တစ်လ ရှိသူတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။