သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-24
တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီ တို့ ဆောင်ရွက်နေတဲ့ ကြေးနီစီမံ ကိန်းကြောင့် လက်ပံတောင်းတောင်ဒေသ ခံတွေစားဝတ်နေရေး တစထက်တစခက်ခဲ လာတဲ့အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။
2014-06-24
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရေး မူလသဘောတူညီချက် ကို မကြာခင် လက်မှတ်ရေးထိုး နိုင်တော့ မယ်လို့ အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာက မနေ့က ဖေါ်ပြပါတယ်။
2014-06-24
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကို တရုတ်ပြည်နဲ့အတူ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2014-06-24
မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ ပါတီစုံစနစ် နဲ့ ဒီမိုကရေစီပုံစံဖြစ်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် PR ကို လက်ခံကျင့်သုံးဖို့ လိုအပ်တယ်လို့ (တစည) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ခေါင်းဆောင် ဦးဟန်ရွှေက ပြောပါတယ်။
2014-06-24
တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ် ခံထားရတဲ့ လယ်သမားအရေး ကူညီဆောင်ရွက်သူ ဦးဝင်းချိုနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် တို့ဟာ ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
2014-06-24
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တက်မျှောကျေးရွာမှာ စက္ကူစက်ရုံ တည်ဆောက်ဖို့နဲ့ ဝါစိုက်ခင်းစီမံကိန်းအတွက် သိမ်းထားတဲ့ လယ်ယာမြေဧက ၁ ထောင်ကျော်ထဲက ပိုနေတဲ့ဧက ၅၀၀ ကျော်မှာ တောင်သူတွေက ဒီနေ့ ဝင်ရောက်ထွန်ယက် ခဲ့ကြပါတယ်။
2014-06-24
ကယားပြည်နယ် လွိုင်ကော်မြို့ မှာ လောပိတ ရေအားလျှပ်စစ် လုံခြုံရေး အတွက် သိမ်းဆည်းထားခဲ့တဲ့ လယ်ယာမြေတွေထဲက ဧကတစ်ထောင်ကို လွိုင်ကော်မြို့ နယ် မထောခူကျေးရွာမှာ ဒီနေ့ အခမ်းအနားကျင်းပပြီး ပြည် နယ်အစိုးရက တောင်သူတွေထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
2014-06-24
လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ပြည်သူတွေအကြား တိုက်ရိုက် ဆက် သွယ်နိုင်မယ့် Myanmar MPs Mobile Application ခေါ် လက်ကိုင်ဖုန်းကနေတဆင့် ဆက်သွယ်နိုင်မယ့် အက်ပ လီကေးရှင်းတစ်ခုကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ဒီနေ့ စတင် မိတ်ဆက်လိုက်ပါတယ်။
2014-06-24
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ က ဟုန်စိန် ပီနံအိတ်စက်ရုံမှာ ရှားပါးစရိတ်နဲ့ ခရီးစရိတ် နှစ်သောင်းပေးဖို့ ဆန္ဒပြနေကြတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်ရှင်က တစ်လ ကျပ်တစ်သောင်း တိုးပေးတဲ့အတွက် ပြေလည်မှု ရသွားတယ်လို့ သိရပါတယ်။
2014-06-24
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ အတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်နေ ရာ အများဆုံးရထားတဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ် ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-06-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် တိုင်း မြောက်ပိုင်းခရိုင် ပါတီရန်ပုံငွေရှာဖွေ တဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပရာမှာ ခွင့်ပြုချက် မတောင်းလို့ဆိုပြီး တရားစွဲဆိုခံထားရကြောင်း မြောက်ပိုင်း ခရိုင်ဥက္ကဌက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2014-06-24
ပြည်ထောင်စုအစိုးရအစိုးရအယုံအကြည် မရှိကြောင်း စာရွက်တွေလိုက်ဝေခဲ့တဲ့ အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က အဖွဲ့ဝင် ကိုတင်မောင်ကြည်နဲ့ ဦးဇော်ဝင်းတို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ဒီနေ့ ထောင် ဒဏ် ၆ လစီ ချမှတ်လိုက် ပါ တယ်။
2014-06-23
မြန်မာနိုင်ငံက နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိ ခဲ့တဲ့ ရှေးဟောင်းပျူ မြို့ ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြို့ကြီးတွေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က တနင်္ဂနွေနေ့က စာရင်းသွင်းလိုက်ပါတယ်။
2014-06-23
မြန်မာနိုင်ငံက မြို့သုံးမြို့မှာ ထိုင်းနဲ့ မြန်မာ ဖက်စပ် ဆေး ရုံတွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ဖက်စပ်ဆေးရုံတွေ တည်ဆောက်ဖွင့်လှစ်ရေးအတွက် ထိုင်းနိုင်ငံ သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စု နဲ့ မြန်မာနိုင်ငံ အောင်ရွှေထီး ကုမ္ပဏီအုပ်စု တို့ တနင်္လာနေ့ က နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2014-06-23
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲကို ပဲခူးတိုင်း တောင်ငူမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကျင်းပခဲ့ရာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက ကောက်နှုတ်တင်ပြထားပါတယ်။