ဟုန်စိန် ပီနံအိတ်စက်ရုံမှ ဆန္ဒပြပွဲ ပြေလည်မှု ရရှိ
2014.06.24

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ က ဟုန်စိန် ပီနံအိတ်စက်ရုံမှာ ရှားပါးစရိတ်နဲ့ ခရီးစရိတ် နှစ်သောင်းပေးဖို့ ဆန္ဒပြနေကြတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်ရှင်က တစ်လ ကျပ်တစ်သောင်း တိုးပေးတဲ့အတွက် ပြေလည်မှု ရသွားတယ်လို့ သိရပါတယ်။
ဒီနေ့ မြို့နယ်ဖြန်ဖြေရေးရုံးမှာ အလုပ်ရှင်နဲ့သွားရောက် ညှိနှိုင်းခဲ့တဲ့ ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်သူ ကိုခိုင်မင်း က အခုလိုပြောပါတယ်။
"ကျနော်တို့ တောင်းဆိုတယ်ဆိုတာဟာ ကုန်ဈေးနှှုန်းတွေလည်း ဈေးတက်လာတာ လူနေမှှု အတွက်အဆောင်ခတွေလည်း ပေးရတယ်၊ သုံးဖို့ အတွက် လစာမလောက်တဲ့အတွက် လစာခတွေ တိုးတောင်းတာပါ၊ စာချုပ်ချုပ်လိုက်တာဟာ ရှားပါးစရိတ်ကို ၅၀၀၀၊ ခရီးစရိတ်က ၅၀၀၀ အားလုံးပေါင်း ၁၀၀၀၀ တိုးပေးတယ်၊ အဆင်မပြေလို့လည်း မရတော့ဘူး အလုပ်သမားတွေအတွက်က နစ်နာမှှုတွေလည်း အများကြီး၊ အလုပ်ရှင်အတွက်လည်း နစ်နာမှှုတွေ အများကြီး အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဒီလောက်နဲ့ပဲ အဆင်ပြေလိုက်တယ်"
အရင်က အလုပ်တစ်ရက်ပျက်ရင် ကျပ် တစ်သောင်းဖြတ်တာကနေ ဒီနေ့ အလုပ်ရှင်၊ အလုပ်သမား သဘောတူတဲ့ အချက်အရ အလုပ်တစ်ရက်ပျက်လျှင် ကျပ်သုံးထောင်သာဖြတ်ဖို့ အလုပ်ရှင်ဘက်က သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဟုန်စိန် ပီနံအိတ်စက်ရုံက အလုပ်သမား ၁၀၀ကျော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့ကတည်းက ရှားပါး စရိတ် တစ်လ ကျပ် ၂ သောင်း ၊ ထမင်းစရိတ် ကျပ် ၁ သောင်းနဲ့ လမ်းစရိတ် ကျပ် ၁ သောင်းပေးဖို့ တောင်းဆိုနေကြတာပါ။