လယ်သမားအရေး ကူညီသူ နှစ်ဦး ထောင်မှပြန်လွတ်


2014.06.24
nyamyozin-305.jpg ဇွန်လ ၂၄ ရက်နေ့က ထောင်မှလွတ်လာတဲ့ ကိုနေမျိုးဇင်ကို တွေ့ရစဉ်
Photo: Nay Myo Zin Facebook

တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခံထားရတဲ့ လယ်သမား အရေး ကူညီဆောင်ရွက်သူ ဦးဝင်းချိုနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ဟာ ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန် လည်လွတ်မြောက်ခဲ့ပါတယ်။

အင်းစိန်ထောင်က ထွက်လာပြီးတဲ့နောက် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က အခုလိုပြောပါတယ်။

"အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ပြဌာန်းချက်နဲ့ ငြိမ်းချမ်းစွာစုဝေးပြီးတော့ မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခဲ့ကြတာပါ၊ အခြေခံဥပဒေ ပုဒ်မအတိုင်း ရပိုင်ခွင့်မရှိပဲနဲ့ ငြိမ်းစုစည်ဆိုတဲ့ဥပဒေကို လိုသလိုအသုံးချပြီးတော့ အုပ်ချုပ်သူအဖွဲ့အစည်းက သူတို့ကျေနပ်တဲ့သူကို ခွင့်ပြုတယ်၊ ကျနော်တို့ကျတော့ ခွင့်မပြုဘူး၊ ခွင့်ပြုချက်မရှိဘဲနဲ့ ဆန္ဒပြလို့ဆိုပြီး ထောင်ချ ခဲ့ပါတယ်၊ ကျနော်တို့လွှတ်ဖို့ ၆ ရက် အလိုမှာပေါ့ဗျာ၊ တစ်လကို နှစ်ရက်လျော့ရက်ပေးတယ်ထင်ပါတယ်၊ ကျနော်တို့အခု ၂၄ ရက်နေ့မှာ လွတ်လာပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ဦးဝင်းချိုနဲ့ ဦးနေမျိုးဇင်တို့ဟာ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးက လယ်သမား အယောက် ၅၀၀ လောက်နဲ့စုပေါင်းပြီး သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေကို လွှတ်ပေးဖို့ဆိုပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဦးဝင်းချိုနဲ့ ဦးနေမျိုးဇင်တို့ကို ဧပြီလ ၁ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လချပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။