ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေပွဲ ကျင်းပမှု တရားစွဲဆိုခံရ


2014.06.24
nld-signboard-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲတစ်ခုကို တွေ့ရစဉ်
Photo: chinitknowledge.blogspot.com

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မြောက်ပိုင်း ခရိုင် ပါတီရန်ပုံငွေရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပရာမှာ ခွင့်ပြုချက်မတောင်းလို့ဆိုပြီး တရားစွဲဆိုခံထား ရကြောင်း မြောက်ပိုင်းခရိုင်ဥက္ကဌက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ NLD မြောက်ပိုင်းခရိုင် ဥက္ကဌ ဦးခင်မောင်ရှိန်က

"မြို့နယ်အုပ်ချုပ်ရေးကို တင်ပြတယ်၊ ခရိုင်အုပ်ချုပ်ရေး မှူး တင်ပြတယ်၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးက တရားစွဲ ပါဆိုလို့ သူစွဲတာပါလို့ပြောပါတယ်၊ ကျနော်တို့ နိုင်ငံရေးလုပ်တာ တရားဥပဒေ စိုးမိုးရေးအတွက်ကို ဦးတည်ထားတယ်၊ ပြုပြင်ပြောင်းလဲမှုနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးကို နိုင်ငံရေးပါတီတွေ ဦးတည် ထားတာဖြစ်တဲ့အတွက် ကျနော့်ကိုစွဲတဲ့အမှု နိုင်ငံရေးပါတီတစ်ခုကို စွဲတဲ့အမှုကို ကျနော်ကိုယ်တိုင်ချေပသွား ပါမယ်"

ပြီးခဲ့တဲ့ မေလ ၂၃ နဲ့ ၂၄ ရက်နေ့တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြောက်ပိုင်းခရိုင်ရုံး ပါတီရန်ပုံငွေအတွက် ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ လူမှုကွန်ရက်အဖွဲ့နဲ့ ပူးပေါင်းပြီး ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီဖျော်ဖြေပွဲအတွက် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ခွင့်ပြုချက်မတောင်းလို့ဆိုပြီး တရားလိုလုပ်ကာ အင်းစိန်မြို့နယ် တွဲဖက်တရားရုံး(၁) မှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။