သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-27
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အနီးတဝိုက်ကျေးရွာတွေကနေ မြို့ပေါ်ကို ထွက်ပြေးရောက်ရှိ နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကစပြီး နေရပ်ပြန်နေကြပြီလို့ အကူ အညီပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2018-05-27
ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီကျေးရွာ၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူရကယ်ဆယ်ရေးစခန်းတွေကို ဒီနေ့ သွားရောက်ပြီး ဒေသခံတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
2018-05-27
အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးတေ့ွရှိချက် အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ တင်ပြထားကြောင်း ကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2018-05-27
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြသူတွေဟာ တရားမဝင် လမ်းကြောင်းကနေ ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လာတဲ့အတွက် ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရသူ ၅၈ ဦး ကို နိုင်ငံတော် သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
2018-05-27
ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ဒုတိယတစ်နှစ် တာဆောင်ရွက်မှုတွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ၂ဝ၁၈ မေလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-05-27
မေလ ၂၆ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "စက်သုံးဆီ ဈေးနှုန်းတွေ တက်လာနေတဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင် ပါဝင်ဆွေးနွေးမယ့်သူက စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေသူ ဦးညီညီအောင်၊ စီးပွားရေးဆောင်း ပါးရှင် အောင်ချိန်ဘွား၊ ပြည်သူတစ်ဦးဖြစ်တဲ့ ဆရာမ နဒီချမ်းမြေ့တို့ဖြစ်ပါတယ်။
2018-05-27
မြန်မာနိုင်ငံမှာ ဝီစကီ ဖက်စပ်ထုတ်လုပ်ဖို့အတွက် ပြင်သစ်ကုမ္ပဏီ Pernod Ricard နဲ့ မြန်မာဘက်က မစ္စတာဆာချ်ပန် ခေါ် ဦးသိန်းဝေရဲ့ ရိုးမကုမ္ပဏီတို့ ပူးတွဲဆောင်ရွက်ကြမယ်လို့ သောကြာနေ့က ကြေညာပါတယ်။
2018-05-26
နိုင်ငံတကာရောက် မြန်မာမိသားစုများရဲ့ လှူဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ နဝမအကြိမ်မြောက်၂ဝ၁၈ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ရွေးချယ်လိုက် ပါတယ်။
2018-05-26
ချင်းပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နေရာအတွက် လက်ရှိ အမျိုးသားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေ တဲ့ ဦးစိုးထက် ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။
2018-05-26
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်မဲဆန္ဒနယ် အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဒီနေ့ ပြောပါတယ်။
2018-05-26
အိန္ဒိယ- မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ များလာတဲ့အတွက် နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ ဒေသခံ စုစုပေါင်း ၂ဝဝ လောက်က တမူးမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-05-26
ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ရိုမန်ကတ်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားစ်မောင်ဘိုနဲ့ ပြည်တွင်းပြည်ပက ဘာသာရေးကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို မနက်ဖြန်မှာ သွားရောက်လေ့လာကြမယ်လို့ သိရပါတယ်။
2018-05-26
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို လာမယ့် ဇူလိုင် ၂ ရက်နေ့ကစပြီး ၁ဝ ရက်အတွင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာပါတယ်။
2018-05-26
ချင်းပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်သွားတဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး နေရာအတွက် အစားထိုးခန့်အပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ကန့်ကွက်ကြောင်းပြောပါတယ်။
2018-05-26
မနေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားရုံးချုပ် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရတဲ့အမှုမှာ တရားခံအဖြစ် အစွပ်စွဲခံရသူများက စွဲချက်တင်ထားတဲ့ ပုဒ်မများကို ပြောင်းလဲပြင်ဆင်ပေးဖို့ လျှောက်လဲချက်ပေးလိုက်သလို ကိုနေဝင်းရဲ့ ဇနီးက တရားခံတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မကို ဖြည့်စွက်ဖို့ လျှောက်လဲချက် ပေးပါတယ်။