ဦးကိုနီအမှု တရားရုံးမှာနှစ်ဖက်က လျှောက်လဲချက်ပေး


2018.05.26
robertsannaung-622.jpg တရားရုံးချုပ်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မနေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားရုံးချုပ် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရတဲ့အမှုမှာ တရားခံအဖြစ် အစွပ်စွဲခံရသူများက စွဲချက်တင်ထားတဲ့ ပုဒ်မများကို ပြောင်းလဲပြင်ဆင်ပေးဖို့ လျှောက်လဲချက်ပေးလိုက်သလို ကိုနေဝင်းရဲ့ ဇနီးက တရားခံတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မကို ဖြည့်စွက်ဖို့ လျှောက်လဲချက် ပေးပါတယ်။

ခုလို တရားခံများဘက်က ပုဒ်မပြောင်းဖို့ တင်ပြရခြင်းဟာ စွဲချက်တင်ထားတဲ့ ပုဒ်မများဟာ သေဒဏ်အထိ အပြစ်ပေးနိုင်လို့ဖြစ်တယ်လို့ တရားရုံးချုပ်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ကြည်လင်းရယ်၊ အောင်ဝင်းဇော်ရယ်၊ ဇေယျာဖြိုးရယ် သုံးယောက်က သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဆိုတဲ့ တူညီသော စွဲချက်နဲ့ ကျူးလွန်တဲ့အဖြစ်ကို ဖော်ညွှန်းတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတဲ့အတွက် သူတို့က ဒီပုဒ်မတွေကတော့ဖြင့် မမြောက်ပါဘူးလို့ ပုဒ်မကို ပြောင်းလဲဖို့ ဇေယျာဖြိုးကိုတော့ တရားသေလွှတ်ပေးဖို့ ဆိုပြီးတော့ တင်ခြင်းဖြစ်ပါတယ်"

နှစ်ဖက်တင်ပြတဲ့ လျှောက်လဲချက်တွေကို နောက်လာမယ့် ရုံးချိန်မှာ တရားသူကြီး ဦးအောင်နိုင် အနေနဲ့ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ အမှုဟာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။