သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-27
ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဒတ်နဲ့ မရမ်းကျေးရွာအုပ်စုအတွင်းက ရေလုပ်ငန်းလုပ်ကိုင်သူတွေဟာ ဒီနှစ် ငါး၊ ပုဇွန်ဖမ်းဆီးရတာ သိသိသာသာနည်းလာတာကြောင့် ရေလုပ်ငန်းတွေ အရှုံးပေါ်နေပါတယ်။
2015-05-26
ပြီးခဲတဲ့ မေလ ၂၁ ရက်နေ့ က မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးရွှေ့ပြောင်းသူ ၂၀၀ နဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင် ၈ ဦးပါ လူမှောင်ခို လှေနှစ်စီးကို ဒုဌဝတီရေတပ်က တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
2015-05-26
နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ မနေ့ကကျင်းပခဲ့တဲ့ ရိုဟင်ဂျာ ဆိုင်ရာညီလာခံမှာ ငြိမ်းချမ်းရေး နိုဘဲဆုရှင် သုံးဦးက အရှေ့တောင်အာရှ ပင်လယ်ပြင်မှာ လက်ရှိပေါ်ပေါက်နေတဲ့ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေကို သတိပြု နှလုံးသွင်းကြ ဖို့ နိုင်ငံတကာကို ဆော်သြပန်ကြားခဲ့ကြပါတယ်။
2015-05-26
မြန်မာနိုင်ငံက နေရာတချို့မှာ ရွေးကောက် ပွဲ ဆိုင်ရာလုပ်ငန်းတွေပြီးစီးဖို့ အခက်အ ခဲတွေရှိနေသေးပေမဲ့ ၂၀၁၅ ရွေးကောက် ပွဲကို အစီအစဉ်အတိုင်း ကျင်းပမှာဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။
2015-05-26
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည် ၂၀၀ ကို ကယ်ဆယ်ထားတဲ့ မောင်တောခရိုင် တောင်ပြို လက်ဝဲမြို့က ယာယီဒုက္ခသည်စခန်းကို စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ မိုဟာမက် မာဘူ ဘာရာမန် ဒီကနေ့ မနက်ပိုင်းက သွားရောက်ပြီး၊ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေ ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2015-05-26
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက လာမယ့်မေလ ၂၉ ရက်မှာကျင်းပမယ့် စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်သလို ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေကိုလည်း ရွေးချယ်သွာမယ်လို့ သိရပါတယ်။
2015-05-26
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗကသကျောင်းသူ မဖြိုးဖြိုးအောင်ထံ အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုကြောင်းစာနဲ့ အမှတ်တရလက်ဆောင်ကို ပေးပို့ ခဲ့ပါတယ်။
2015-05-26
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ စံပယ်တောင် -ကြေးစင်တောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့ရသူတွေက လျော်ကြေးရရှိရေးနဲ့ နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးရေးအတွက် ယန်စီ -မြန်မာကုမ္ပဏီရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2015-05-26
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အဆင့်မြင့် ပညာရေးဥပဒေကြမ်း ရေးဆွဲရေးကော်မတီက "အဆင့်မြင့် ပညာရေး ဥပဒေမူကြမ်း" ဆွေးနွေးပွဲကို ဒီကနေ့ကျင်းပရာ မှာ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ် ၁၂ ဦးကို တက်ရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။
2015-05-26
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကံသာကျေးရွာက လယ်သမား ၆ ဦးနဲ့ ကူညီပေးတဲ့ မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၉ဦးကို ဝမ်းတွင်းမြို့နယ်တရားရုံးက ထောင်ဒဏ် အသီးသီးချမှတ်ပြီး မိတ္ထီလာထောင်ကို ပို့လိုက်ပါတယ်။
2015-05-26
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာ မြန်မာရေတပ်က ကယ်တင်ထား တဲ့ လှေစီးဒုက္ခသည်တွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး စစ်တွေမြို့နယ် ဆေးသမား ကြီးကျေးရွာအုပ်စု ဖွဲရာ ကုန်းကျေးရွာက မွတ်စလင် ၂ ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2015-05-26
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ နယ်မှာ ယန်စီ- မြန်မာကုမ္ပဏီက ဖော်ဆောင်နေ တဲ့ ကြေးနီစီမံကိန်းကြောင့် နစ်နာရတာတွေ ဖြေ ရှင်းပေးဖို့ ဒေသခံ ၂၀၀ ဝန်းကျင်ဟာ ကုမ္ပဏီရှေ့ ကို မနေ့က သွားရောက်စုဝေးခဲ့ကြပြီး၊ တချို့ ကတော့ ညလုံးပေါက် ဆန္ဒပြခဲ့ကြပါတယ်။
2015-05-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၃ ရက်၊ စနေနေ့က မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဒေသခံလူလူထု နဲ့တွေ့ဆုံခဲ့ပါတယ်။
2015-05-26
မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီးအတွင်းက နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။
2015-05-26
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီကို ဦးတည်သွားကြတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက လှေစီး ဒုက္ခသည်တွေဟာ လူမှောင်ခိုကူးသူတွေက တဆင့် သွားရောက်ကြတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက လှေစီးဒုက္ခသည်တွေက ပြောကြပါတယ်။