လှေစီးဒုက္ခသည် လူပွဲစားလို့ယူဆရသူ နှစ်ဦးကို ဖမ်းဆီး


2015.05.26
bangladesh-boat-305.jpg မြန်မာ့ရေပိုင်နက်ထဲမှာ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပါတဲ့ လှေ ၂ စီးကို ဆိပ်ကမ်းမှာ ကပ်ထားစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာရေတပ်က ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေနဲ့ ဆက်နွယ်နေ တယ်ဆိုပြီး စစ်တွေမြို့နယ် ဆေးသမားကြီးကျေးရွာ အုပ်စု ဖွဲရာကုန်းကျေးရွာက မွတ်စလင် ၂ ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲတဲ့ မေလ ၂၁ ရက်နေ့က မြန်မာ့ရေပိုင်နက် ထဲ ရောက်ရှိလာတဲ့ လှေ ၂စီးကို ဒုဌဝတီရေတပ်က ကယ်တင်ထားပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာနနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးနေတာဖြစ်ပါတယ်။

အစိုးရရဲ့စစ်ဆေးချက်တွေအရ လှေစီးဒုက္ခသည် ၂၀၈ ဦးထဲက ၈ ဦးဟာ စစ်တွေမြို့နယ်နဲ့ ကျောက်တော် မြို့နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေဖြစ်ပြီး လူပွဲစားတွေ ကတဆင့် လူကုန်ကူးတဲ့ စက်လှေတွေပေါ် ရောက်ရှိ လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒုက္ခသည် ၈ဦး ထွက်ဆိုချက်အရ မနေ့က ဖမ်းဆီးလိုက်တဲ့ မွတ်စလင် ၂ဦးဟာ လူပွဲစားတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံရဲအရာရှိတစ်ဦးက ပြောပါတယ်။

လှေပေါ်ပါလာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၂၀၀ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံ ပို့ဆောင်ဖို့အတွက် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာကနေ နယ်စပ်မြို့ဖြစ်တဲ့ တောင်ပြိုလက်ဝဲမြို့နယ်ခွဲကို မနေ့က ပို့ဆောင်လိုက်ပါတယ်။

ဒီအတောအတွင်း စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ မိုဟာမက်- မာဘူ ဘာရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည် ၂၀၀ ကို ကယ်ဆယ်ထားတဲ့ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့က ယာယီဒုက္ခသည်စခန်းကို ဒီကနေ့ မနက်ပိုင်းက သွားရောက်ပြီး၊ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။