ပြဿနာတွေရှိပေမဲ့ နိုဝင်ဘာ မှာ ရွေးကောက်ပွဲ ကျင်းပမည်


2015.05.26
election-commission-305 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

မြန်မာနိုင်ငံကနေရာတချို့မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေပြီးစီးဖို့ အခက်အခဲတွေရှိနေသေးပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပ မှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြော ပါတယ်။

လာမယ့်နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ် လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက်တွေကို မနေ့က ပြောဆိုခဲ့ပါတယ်။

မဲပေးရမယ့်နေ့ကို သြဂုတ်လအတွင်း ကြေညာ မှာဖြစ်ပြီး၊ ရွေးကောက်ခံ ကိုယ်စားလှယ်အမည်စာရင်းနဲ့ အရွေးခံမယ့် မဲဆန္ဒနယ်စာရင်းတွေကို စက်တင်ဘာလ မှာ ကြေညာမယ်လို့လည်း ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေ ထဲရောက်ရှိနေကြတဲ့ ပြည်တွင်းနေရာရွှေ့ပြောင်းခဲ့ရ သူတွေ အများအပြား မဲပေးနိုင်ရေးလုပ်ငန်းတွေ ပြီးစီးအောင်ဆောင်ရွက်ရေးဟာ ပြဿနာတွေထဲကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။