သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-17
ရှမ်းပြည်နယ် ကျိုင်းတုံထောင်ကို ပို့ခံ ထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေး ချို့တဲ့နေတယ်လို့ သတင်းရရှိပါတယ်။
2011-04-17
နှစ်သစ်ကူး ကောင်းမှုကုသိုလ်ပြုတဲ့ အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးမှာ သက်ကြီးပူဇော်ပွဲ အခမ်းအနားနဲ့အတူ အညတြ နိုင်ငံရေး အကျဉ်းသား ဂုဏ်ပြုပွဲ ကျင်းပခဲ့သလို နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
2011-04-17
မြန်မာပြည်သူတွေ တရပ်လုံး မိမိတို့ လိုအပ်ချက်တွေ ပြည့်ဝရေးအတွက် ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့ လျှောက်လှမ်းကြစေလိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-04-17
မြန်မာ နှစ်ဆန်းတရက်နေ့နဲ့ တိုက်ဆိုင်ပြီး အမေရိကန် နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ရှိတဲ့ မြန်မာ နိုင်ငံသားတွေ စုပေါင်းပြီး မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံး ငြိမ်းချမ်းကြဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်မြောက်ဖို့ ရည်စူးပြီး ငှက် ဘေးမဲ့ လွှတ်ပွဲ၊ မိုးပျံဘူဘောင်းလွှတ်ပွဲနဲ့ နှစ်သစ်ကူး ဆုတောင်းပွဲတွေကို မနေ့က ကျင်းပခဲ့ကြပါတယ်။
2011-04-17
နှစ်ဆန်းတရက်နေ့မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက တိုက်တွန်းလိုက်ပါတယ်။
2011-04-17
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ အီးယူ ဥရောပ အဖွဲ့ကြီး က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်ပေမယ့် အရပ်သားဝန်ကြီးတချို့ကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးသွားမယ်လို့ ကျေညာခဲ့တဲ့ကိစ္စွကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-04-16
New Zealand နိုင်ငံ Auckland မြို့မှာ မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်ကို ကျင်းပခဲ့ရာမှာ အဲဒီနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအပြင် New Zealand နိုင်ငံသားတွေပါ ပါဝင် ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။
2011-04-16
ဗိုလ်မှူးကြီး ရွက်ဆစ် ဦးဆောင်တဲ့ SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံး ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြချက်ကို SSA တောင်ပိုင်းတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
2011-04-16
မြန်မာနိုင်ငံက လက်ရှိသြင်္ကန်နဲ့ ရိုးရာယဉ်ကျေးမှု အခြေအနေတွေနဲ့ နိုင်ငံရေး ဆက်စပ်နေပုံ၊ နှစ်သစ်ကူး ကာလ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထား စတာတွေကို သြင်္ကန်အကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကြောင်း ဆောင်းပါးတွေ ရေးသားနေတဲ့ မန္တလေးမြို့က စာရေးဆရာ ‘ဆရာဆူးငှက်’ ကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
2011-04-16
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက် ရေး အထူးကိုယ်စားလှယ် အဖြစ် Derek Mitchell ကို သမ္မတအိုဘားမား က အဆိုပြုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာပြည်ဆိုင်ရာ ဆောင်ရွက်မှုတွေအတွက် ထင်ရှားကျော်ကြားသူ အထက် လွှတ်တော်အမတ် Mitch McConnell က သတင်းကောင်းတခုအဖြစ် ကြိုဆိုလိုက်ပါတယ်။
2011-04-15
လာမဲ့နှစ်သစ်မှာ လူ့အခွင့်အရေး လုပ်ငန်းတွေ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ရက် (HRDP) အနေနဲ့ ပြင်ဆင် လုပ်ဆောင်နေကြောင်း HRDP တာဝန်ရှိသူတွေက ဧပြီ ၁၅ ရက် ဒီကနေ့ မဟာသြင်္ကန် အကြတ်နေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-04-15
မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်ကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေဟာ ပီနန်ကျွန်း ဂျော့ချ်တောင်းမြို့ရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဧပြီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
2011-04-15
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ရာထူးအတွက် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Derek Michell ကို အမေရိကန်သမတ အိုဘားမားက ဧပြီ ၁၄ ရက် မနေ့က တရားဝင် ရွေးချယ် အဆိုပြုလိုက်တယ်လို့ သမတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
2011-04-15
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စ အိုင်လင်း ဒိုနာဟိုးနဲ့ အဖွဲ့ဟာ မြန်မာနဲ့ အီရန်နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝါရှင်တန်ဒီစီ မြို့တော် အောက်လွှတ်တော် အဆောက်အဦမှာ ဆွေးနွေးပွဲတရပ် ဧပြီ ၁၄ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
2011-04-15
အနှစ်တရာမြောက် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာ