မြန်မာ့ရိုးရာသြင်္ကန်ပွဲ နယူးဇီလန်မှာ ဆင်နွဲကျင်းပ

New Zealand နိုင်ငံ Auckland မြို့မှာ မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်ကို ကျင်းပခဲ့ရာမှာ အဲဒီနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအပြင် New Zealand နိုင်ငံသားတွေပါ ပါဝင် ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

2011.04.16

ဒီ သြင်္ကန်ပွဲ ကျင်းပခဲ့ပုံကို နယူးဇီလန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တဦးဖြစ်တဲ့  ကိုမောင်သိန်းက ပြောပြပါတယ်။

“တိုင်းရင်းသား ညီအကိုတွေ အတော်များများ တက်ရောက်ပါတယ်။ ရခိုင်၊ မွန်၊ ကရင်၊ ကချင်၊ ရှမ်း၊ ချင်း အားလုံးက ရိုးရာ အဝတ်အစားတွေ၊ ရိုးရာအကတွေနဲ့ တင်ဆက်ကပြတယ်။ ပြီးတာနဲ့ သြင်္ကန်တေးသီချင်းတွေ တင်ဆက်ပြီး စတုဒီသာ ကျွေးပါတယ်”

ဒီပွဲမှာ မြန်မာ့ရိုးရာ အစားအသောက်တွေနဲ့ ကျွေးမွေး ဧည့်ခံတဲ့အပြင် ယဉ်ကျေးမှု အဆိုအကတွေန့ပါ   တင်ဆက် ကပြ ဖျော်ဖြေခဲ့ပါတယ်။ ဒါ့ပြင် မြန်မာ့ရိုးရာ သြင်္ကန်ပွဲတော်မှာ သိကြားမင်း လူ့ပြည်ကြွလာပုံကို သရုပ်ဖော် ရေးဆွဲထားတဲ့ ပိုစတာကြီး တခုကိုပါ ပြသထားပြီး New Zealand နိုင်ငံသားတွေက စိတ်ဝင်တစား မေးမြန်းခဲ့ကြတာကို မြန်မာအဖွဲ့က ရှင်းပြခဲ့ရာမှာ လက်ခုပ်သြဘာပေးပြီး ထောက်ခံ အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။