မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူး ကိုယ်စားလှယ်ကို Mitch McConnell ကြိုဆို
2011.04.16

ဧပြီလ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့ ပြောဆိုချက်မှာ- “အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်အဖြစ် တာဝန် ပေးအပ်နိုင်ရေးအတွက် အခု နောက်ဆုံးမှာတော့ အမေရိကန် အစိုးရက ပုဂ္ဂိုလ်တယောက်ကို အဆိုပြုနိုင်ခဲ့ပါပြီ၊ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးကို စိုးရိမ်ပူပန်တဲ့ မိမိတို့ အတွက်တော့ ဒါဟာ မင်္ဂလာသတင်းပါပဲ” လို့ အစချီထားပြီး “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းမယ့် ပုဂ္ဂိုလ်ဟာ အင်မတန် အရည်အချင်း ပြည့်ဝသူတဦး ဖြစ်ဖို့လိုပါတယ်၊ အခု အဆိုပြုလိုက်တဲ့ Mr. Mitchell ကို အထက်လွှတ်တော်က အကြံဉာဏ်နဲ့ တာဝန်တွေ ပေးအပ်တာနဲ့ အညီ မိမိ အနေနဲ့လည်း သူ့ရဲ့ အရင်က စွမ်းဆောင် အောင်မြင်ခဲ့မှုတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ အပေါ် ရှုမြင် သုံးသပ်ချက်တွေကို ကြားသိရဖို့ မျှော်လင့်ပါတယ်” လို့ ဖော်ပြ ပါရှိပါတယ်။