ဖို့ဝိန်း မြန်မာ နှစ်သစ်ကူးပွဲ

မြန်မာ နှစ်ဆန်းတရက်နေ့နဲ့ တိုက်ဆိုင်ပြီး အမေရိကန် နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ရှိတဲ့ မြန်မာ နိုင်ငံသားတွေ စုပေါင်းပြီး မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံး ငြိမ်းချမ်းကြဖို့နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်မြောက်ဖို့ ရည်စူးပြီး ငှက် ဘေးမဲ့ လွှတ်ပွဲ၊ မိုးပျံဘူဘောင်းလွှတ်ပွဲနဲ့ နှစ်သစ်ကူး ဆုတောင်းပွဲတွေကို မနေ့က ကျင်းပခဲ့ကြပါတယ်။

2011.04.17

ဒီပွဲကို ဖို့ဝိန်းမြို့က မြန်မာကွန်မြူနတီရုံးမှာ နေ့လည် ၁ နာရီကနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ ပွဲ ကျင်းပပုံနဲ့ ပတ်သက်ပြီး စီစဉ်သူတဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ပြောပြပါတယ်။

“ဒီကနေ့ နှစ်ဆန်းတရက်အကြို အနေနဲ့ ဖို့ဝိန်းမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းပြီး မြန်မာ နှစ်သစ်ကူး အခါသမယမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်စေဖို့၊ မြန်မာအပါအဝင် ကမ္ဘာ့နိုင့်ငံသူ နိုင်ငံသားအားလုံး ငြိမ်းအေးချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ ငှက်တွေ လွှတ်တယ်၊ Free All Political Prisoners and Peace for the World ဆိုတဲ့ ဆိုင်းဘုဒ်ကို မိုးပျံဘူဘောင်းတွေနဲ့ လွှတ်တင်ပါတယ်”

ညနေပိုင်းမှာတော့ ဖို့ဝိန်းမြို့က ဇေတဝန် ဘုန်းကြီးကျောင်းမှာ အန္တရာယ်ကင်း ပရိတ်ရွတ်ပွဲကျင်းပြီး တရားနာ ကြွရောက်လာကြတဲ့ ဧည့်သည်တွေကို ဘဲသားဆံပြုတ်နဲ့တည်ခင်း ဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။