မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အမေရိကန်သမတ ရွေးချယ်
2011.04.15

(Photo: AFP)
Mr. Michell ဟာ အာရှရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး လက်ရှိ ကာကွယ်ဝန်ကြီးဌာနမှာ အာရှနဲ့ ပစိဖိတ်ရေးရာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် မူဝါဒရေးရာမှူး ရာထူးဟာ ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူရေး ဥပဒေအရ ခန့်အပ်ရမဲ့ ရာထူးဖြစ်ပြီး အထက်လွှတ်တော် ဆီးနိတ်က သဘောတူ ထောက်ခံပြီးမှ အတည်ပြု ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။
Mr. Michell ဟာ အရင်က ဒီမိုကရက် အထက်လွှတ်တော် အမတ် Edward Kennedy ရဲ့ မူဝါဒရေးရာမှူး တာဝန်အပြင်၊ ထိုင်ဝမ်အခြေစိုက် China Post သတင်းစာနဲ့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဗဟိုအဖွဲ့ (CSIS) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။