သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-25
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်၊ (၁၁) ရပ်ကွက်မှာရှိတဲ့ Nurture Aid Center (NAC) ဟာ မိဘမဲ့ကလေးငယ်တွေ၊ နာမကျန်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အေအိုင်ဒီအက်စ် (HIV/AIDS) ဝေဒနာရှင်တွေကို တာဝန်ယူ စောင့်ရှောက်ပေးနေတာပါ။
2022-03-25
ကရင်ပြည်နယ်မှာ မတ်လ ၂၁ ရက်က KNU လက်ထဲကျသွားတဲ့ မောခီးအခြေစိုက်စခန်းကို ပြန်ရဖို့ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ အပြင် စစ်ကြောင်း ပြန်ထိုးလာတဲ့အတွက် ဒီကနေ့ KNU လက်အောက်ခံ KNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ မောခီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-03-25
မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ စာရေးဆရာတွေ၊ CDM ထဲ ပါဝင်နေတဲ့ စာရေးဆရာတွေ၊ နိုင်ငံရေးအရ လတ်တလော ထင်ရှားနေတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေကို ဈေးဝယ် စင်တာတွေ၊ အရောင်းဆိုင်တွေမှာ တင်မရောင်းဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လကစပြီး ရန်ကုန်မြို့က စာအုပ်တိုက်တွေကို တားမြစ်ထားတယ်လို့ စာအုပ်တိုက် တာဝန်ရှိသူတွေက ပြောပါတယ်။
2022-03-25
မတ်လ ၂၇ ရက်နေ့မှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ တပ်မတော်နေ့ဟာ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေအပေါ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အစိုးရတွေအတွက် အခွင့်အလမ်းတစ်ရပ်ပဲလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
2022-03-25
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ မွတ်စလင် အိမ်ထောင်စု ၃၇၆ စုက လူဦးရေ ၁၀၀၀ ကျော်ကို မြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ နေရာတစ်ခုဆီ ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။
2022-03-25
ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီးက ဂျေယန် (JE YANG) စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် ၈၀၀၀ ကျော်ဟာ အကူအညီတွေ လျော့နည်းလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြတယ်လို့ ဂျေယန် IDP ဒုက္ခသည် စခန်း တာဝန်ခံက ဆိုပါတယ်။
2022-03-24
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်အတွင်း အပစ်အခတ်ရပ်စဲရေးလမ်းကြောင်း၊ ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေ့မြင်သွားခဲ့ရကြောင်း Nikkei Asian Review သတင်းက ဖော်ပြပါတယ်။
2022-03-24
နာမည်ကျော် စီးပွားရေးသမား ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သူ့ရဲ့သား ဦးဇေသီဟ တို့ဟာ ရှေးဟောင်းအဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဖျက်ဆီးခဲ့တဲ့ ကိစ္စကြောင့် ပုဒ်မ ၂၄ နဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့ပါတယ်။
2022-03-24
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ အခုအချိန်မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို ပြစ်မှုတွေကို နေ့တိုင်းလိုလို ကျူးလွန်နေတဲ့အပြင်၊ ကလေးသူငယ်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်လာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံအစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားလိုက်ပါတယ်။
2022-03-24
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ၂၅ သန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတယ်လို့ ဦးကျော်မိုးထွန်းက ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂမှာ တင်ပြခဲ့ပါတယ်။ အဲဒီလူတွေထဲက ၁၄ သန်းဟာ အထောက်အပံ့အကူအညီမရရင် ထမင်းမစားနိုင်တဲ့ အခြေအနေအထိ ရောက်နေတယ်လို့ ဒေါက်တာဆာဆာ ကပြောပါတယ်။
2022-03-24
နွေရာသီဖြစ်ပေမယ့် ဒီနှစ် ၂၀၂၂ ခုနှစ် မတ်မှာ ဒီကာလမျိုးမှာ ရှားရှားပါးပါးဖြစ်ပွားတဲ့ မုန်တိုင်း မြန်မာနိုင်ငံကို ဝင်သွားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားတဲ့ လေဖိအားနည်းရပ်ဝန်းဟာ Asani လို့ နာမည်ပေးတဲ့ ဆိုင်ကလုန်း မုန်တိုင်းအသွင် ပြောင်းပြီး မြန်မာနိုင်ငံကို ဝင်လာတာပါ။
2022-03-24
ငွေစာရင်း အစစ်ခံဖို့ ပျက်ကွက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို မတ်လ ၂၇ ရက်နေ့နောက်ပိုင်း အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဒီနေ့ ပြောလိုက်ပါတယ်။
2022-03-24
သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာတယ်လို့လည်း သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က ဆိုပါတယ်။
2022-03-24
UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်း (ပန်ခမ်း) မြို့မှာ ကိုဗစ်ရောဂါ ပိုးတွေ့လူနာတွေ များလာလို့ မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ နေအိမ်အပြင်ထွက်ခွင့် ကန့်သတ်မယ်လို့ ပန်ဆန်း (ပန်ခမ်း) မြို့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကော်မတီက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2022-03-24
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်းက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဆရာမတွေ ပူးပေါင်းစီစဉ်ပြီး ရွာပေါင်း ၂၀ ကျော်မှာ စာသင်ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။