သတင်းသမားတွေကို ထောင်ချတာရပ်ဖို့ CPJ တောင်းဆို

2022.03.24
သတင်းသမားတွေကို ထောင်ချတာရပ်ဖို့ CPJ တောင်းဆို ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံခဲ့ရတဲ့ ကိုဟံသာညိန်း၊ ကိုသန်းထိုက်အောင်၊ ကိုရဲရင့်ထွန်းနဲ့ ကိုအောင်ဇော်ဇော်
Photo: RFA

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်နေတာတွေ ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က မတ်လ ၂၄ ရက် ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဒီလထဲမှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ကိုဟံသာညိန်းနဲ့ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကိုလည်း အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

သတင်းသမားတွေကို ထောင်ဒဏ်ချမှတ်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာတယ်လို့လည်း CPJ က ဆိုပါတယ်။

ဒီလထဲမှာ ကိုဟံသာညိန်းနဲ့ ကိုသန်းထိုက်အောင်အပြင် မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းနဲ့ Mandalay Free Press (MFP) သတင်းဌာနက ကိုအောင်ဇော်ဇော် တို့လည်း ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၁၀၈ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လွတ်လာပါတယ်။

သတင်းသမားတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အများဆုံး တရားစွဲဆိုတာလည်း ဖြစ်ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းထောက် ၅၇ ဦးရှိပြီး သတင်းထောက်သုံးဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။