သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-27
ရွေးကောက်ပွဲကော်မရှင်နဲ့ ဒီနေ့တွေ့ဆုံမှုမှာ ၈ လေးလုံးပါတီနံမည်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲဖြစ်ပေမဲ့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်တဲ့အခါ ကျယ်ပြန့်တဲ့ ညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံပြီး တစ်မျိုးသားလုံးရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်မယ့် ဘုံမဟာဗျူဟာတစ်ခု ချမှတ်နိုင်ရေးအတွက် ကြိုးစားသွားမယ်လို့ ၈ လေးလုံးပါတီရဲ့ ဦးဆောင်အဖွဲ့ဝင်သုံးဦးထဲက တစ်ဦးဖြစ်သူ ကိုရဲနိုင်အောင် က ပြောပါတယ်။
2018-03-27
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ နှစ်ဖက်တွေ့ဆုံတဲ့အခါ KNPP ဘက်က ဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးကို ဒီနေ့ KNPP ရဲ့ တွေ့ဆုံဆွေးနွေးရေးကော်မတီဘက်က စတင်ကျင်းပနေပါတယ်။
2018-03-27
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား ကုန်သည် ၇ ယောက်ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက အပိတ်ခံလိုက်ရပါတယ်။
2018-03-26
ရခိုင်ပြည်နယ်အတွင်းမှာ ကျန်ရှိနေသေးတဲ့ မွတ်စလင်ဘာသာဝင်တွေရဲ့ အခြေအနေ ပိုသိရဖို့အတွက် နိုင်ငံတကာ လေ့လာသူတွေကို မြန်မာအစိုးရအနေနဲ့ ခွင့်ပြုရမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ သြစတြေးလျသံမှူး က ပြောပါတယ်။
2018-03-26
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုးတက်လာနေပေမယ့်၊ စိန်ခေါ်နေတဲ့ ပြဿနာကြီးတွေ ရှိနေဆဲပဲလို့ လေ့လာချက်တစ်ရပ်က ဖေါ်ပြကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
2018-03-26
နျူကလီယားလက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုးရီးယားနဲ့ ကုန်သွယ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေ ကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေလုပ်နေပေမဲ့ မြောက်ကိုးရီးယားဆီကနေ ဒုံးပျံဆိုင်ရာ နည်းပညာတွေကို လေ့လာနေတဲ့ မြန်မာနိုင်ငံကတော့ အပြည့်အဝ အရေးယူပိတ်ဆို့ခံရတဲ့ဘေးက လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဒီကနေ့ထုတ် AP သတင်းတပုဒ်မှာ ရေးသားထားပါတယ်။
2018-03-26
လာမယ့် ဧပြီလအတွင်း အစိုးရနဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ နှစ်ဖက်တွေ့ဆုံတဲ့အခါ KNPP ဘက်က ဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးကို ဒီနေ့ KNPP ရဲ့ တွေ့ဆုံဆွေးနွေးရေး ကော်မတီဘက်က စတင်ကျင်းပနေပါတယ်။
2018-03-26
တရုတ်-မြန်မာ နယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား ကုန်သည် ၇ ယောက်ရဲ့ တရုတ်နိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘဏ်စာရင်းတွေကို လောင်းကစားလုပ်ငန်း ငွေ စာရင်းတွေနဲ့ ဆက်စပ်နေလို့ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်အစိုးရက ပိတ်လိုက်ပါတယ်။
2018-03-26
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် ဖွင့်လှစ်ပေးထားတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က စိမ်းလဲ့တင် Adventure Land နဲ့ အပန်းဖြေစခန်းတွေကို လုပ်ကိုင်ခွင့် လိုင်စင်ချပေးထားခြင်း မရှိသေးဘူးလို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဒီနေ့ ပြောပါတယ်။
2018-03-26
ရှစ်လေးလုံးပါတီ နာမည်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေတဲ့အတွက် နိုင်ငံရေး ပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေဟာ ဒီနေ့ နေပြည်တော်က ကော်မရှင်ရုံးမှာ တေ့ွဆုံဆွေးနွေးခဲ့ပါတယ်။
2018-03-26
ကချင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲကို မြစ်ကြီးနားမြို့မှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2018-03-26
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယကက နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမယ့် နေ့ရက်နဲ့ အချိန်ကို ကြေညာခဲ့ပါတယ်။
2018-03-26
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ မြန်မာရေတပ် စစ်သင်္ဘောတွေ အိန္ဒိယကို ရောက်ရှိနေကြပြီလို့ India Today သတင်းစာက ဖေါ်ပြပါတယ်။
2018-03-26
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့အထိ အချက်အလက် အထောက်အထား ပြည့်စုံတာကြောင့် မြန်မာပြည် ပြန်လာခွင့်ပြုထားတဲ့သူ ၅၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရထံပေးပို့ ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။
2018-03-26
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်က စေတနာကြီးဘုရားနဲ့ ကျောင်းကြီးညီမဘုရား အနီးမှာ မြတ်မင်း ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ဖို့ မြေတူးနေတဲ့နေရာဟာ ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် ဖြစ်တာကြောင့် လုပ်ငန်းလုပ်ဆောင်နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖု့ိ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။