မြန်မာကုန်သည်အချို့ရဲ့ တရုတ်ဘဏ်စာရင်း ပိတ်ခံရ
2018.03.27
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား ကုန်သည် ၇ ယောက်ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက အပိတ်ခံလိုက်ရပါတယ်။
တရုတ်နိုင်ငံက လောင်းကစားလုပ်ငန်းတွေရဲ့ ငွေစာရင်းတွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ပိတ်လိုက်တာလို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။
ဦးရန်နိုင်ထွန်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။