မြန်မာ့ စီးပွားရေး စိန်ခေါ်မှုပြဿနာတွေ ရှိနေဆဲ
2018.03.26
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုးတက်လာနေပေမယ့်၊ စိန်ခေါ်နေတဲ့ ပြဿနာကြီးတွေရှိနေဆဲပဲ လို့ လေ့လာချက်တစ်ရပ်က ဖေါ်ပြကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
ပွင့်သစ်စ အမည်ရှိ လေ့လာမှုတစ်ရပ်က မြန်မာနိုင်ငံတွင်းက အများပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီ ၁၈၂ ခု ရဲ့ စာရင်းစစ်ဆေးမှု၊ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေ၊ ကုမ္ပဏီမှာ အင်တာနက် ဝက်ဆိုက် ရှိမရှိ စတဲ့ အချက် ၇၄ ချက် နဲ့ လေ့လာခဲ့တာဖြစ်ပါတယ်။
လေ့လာချက်တွေအရ နိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီတွေဟာ မိသားစုပိုင်တွေဖြစ်ကြပြီး၊ ပွင့်လင်းမြင်သာမှု မရှိ၊ ငွေကြေးဆိုင်ရာကွန်ရက်ကလည်း သဲသဲကွဲကွဲ မရှိဘူးလို့ ဆိုပါတယ်။
ဒါ့ပြင် လုပ်ငန်းဆိုင်ရာ ဥပေဒေစည်းမျဉ်းတွေ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်တာ၊ နှေးကွေးနေတာတွေ က မြန်မာပြည်မှာ လာရောက်လုပ်ကိုင်ကြမယ့် အနောက်နိုင်ငံ ကုမ္ပဏီတွေအတွက် စိုးရိမ်စရာဖြစ်ရတယ် လို့ ဖေါ်ပြပါတယ်။
တချို့ကုမ္ပဏီတွေက ဒေသတွင်းမှာ ဦးဆောင်နိုင်ပေမယ့် ကုမ္ပဏီအများစုကတော့ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူ တို့ကို မှီဖို့ အတော်ကိုကြိုးစားရဦးမယ်လို့ ဆိုပါတယ်။
လေ့လာချက်အရ ဆာ့ဂျ်ပန်းရဲ့ FMI ကုမ္ပဏီက ရမှတ် ၉၁ ရာနှုန်းနဲ့ ထိပ်ဆုံးကရှိပြီး၊ ဦးတေဇ ရဲ့ ထုူး ကုမ္ပဏီ က ၅ ရာခိုင်နှုန်းသာ ရရှိတယ်လို့ သိရပါတယ်။