သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-27
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့က ရွာသား ၅၀ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားကြောင်း ဆားလင်းကြီးမြို့နယ်ရဲမှူး ဦးဌေးဝင်း က မတ်လ ၂၇ရက်နေ့က ပြောပါတယ်။
2017-03-27
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ဆောက်လုပ်ဖို့နဲ့ ဒဂုံတက္ကသိုလ်တည်ဆောက်ဖို့ သိမ်းဆည်းခံ လိုက်ရတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လယ်သမား ၃ဝ ကျော် ဆန္ဒပြခဲ့ကြ ပါတယ်။
2017-03-27
ချင်းပြည်နယ်က "ချို" မျိုးနွယ်စု ချင်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ ငယ်စဉ်က ပညာမသင်ကြားခဲ့ရတဲ့ အမျိုးသမီး အတော်များများ ရှိခဲ့ပါတယ်။
2017-03-27
ရန်ကုန်မြို့အနီးမှာ ဂျပန်နဲ့ ဖက်စပ်လုပ် ကိုင်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန် အတွက် အာမခံလုပ်ငန်းတွေကို နိုင်ငံတ ကာ ကုမ္ပဏီတွေလည်း လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင် ဖို့ ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
2017-03-27
စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ထံ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ သူများအသင်းက လာမယ့်ရှေ့ တပတ်မှာ အသနားခံစာ တင်သွားမယ်လို့ သိရပါတယ်။
2017-03-27
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ တည်ထောင်လိုသူတွေထဲက ခေါင်းဆောင်နှစ်ဦးကို ဒီနေ့ရွေးချယ်လိုက်ပါတယ်။
2017-03-27
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် မိုးကြိုးပြင်ကျေးရွာက ဒေသခံ အယောက် ၅၀ ကို ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
2017-03-27
အိန္ဒိယ- မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဆန္ဒပြပွဲတွေဖြစ်နေ တာကြောင့် တမူးနယ်စပ်ဂိတ်ကို မတ်လ ၂၆ ရက်နေ့ မနေ့နေ့လည်ကစပြီး ပိတ်လိုက်ပါတယ်။
2017-03-27
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြားခဲ့ပါတယ်။
2017-03-27
တပ်မတော်ဟာ ပျော့ပြောင်းညင်သာတဲ့ လမ်းကို ပြောင်းလဲလာနေပြီဖြစ်ပြီး ဒီမိုကရေစီ အင်အားစုဘက်ကို နီးစပ်အောင် ကြိုးစား လာပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက သူရဦးတင်ဦးက ပြောပါတယ်။
2017-03-27
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော် နေရာအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေး အတွက် ပါတီ နာယက သူရဦးတင်ဦးက ဒီနေ့ မုံရွာမြို့မှာ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2017-03-27
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးမမှားဖို့နဲ့ အလိမ်မခံရအောင် ရွေးချယ်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက ဒီကနေ့ မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ပြောပါတယ်။
2017-03-26
ရခိုင်ပြည်နယ်တွင်း အလုပ်အကိုင်အခွင့် အလမ်းတွေပေါ်ပေါက်လာဖို့အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီက အထည်ချုပ်လုပ် ငန်းတွေ အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။
2017-03-26
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထံ ပို့ဆောင်နေ တဲ့ ကျောက်သယ်ယာဉ်တွေကို ပုသိမ်-မုံရွာ ကားလမ်းပေါ် ကနေ မဖြတ်သန်းဖို့နဲ့ ဆားလင်းကြီးမြို့နယ် က ကျောက် ထုတ်စခန်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက် တဲ့အတွက် မိုးကြိုးပြင်ကျေးရွာ က ဒေသခံတောင်သူတွေရဲ့ သပိတ်စခန်းကို ဒီကနေ့ ရုပ်သိမ်းလိုက်ပါတယ်။
2017-03-26
ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန် နဲ့ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ နှစ်စဉ် သြင်္ကန်နှစ်သစ်ကူးပိတ်ရက် ၁ဝ ရက် ရရှိရေး အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။