ပြည်ပ အာမခံလုပ်ငန်း သီလဝါမှာ စတင်


2017.03.27
thilawa-economic-zone-620.jpg ဂျပန်နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တဲ့ သီလဝါ အထူးစီးပွားရေးဇုန် အဝင်ဝကို တွေ့ရစဉ်
Photo: Tun Myint/RFA

ရန်ကုန်မြို့အနီးမှာ ဂျပန်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်အတွက် အာမခံလုပ်ငန်းတွေ ကို နိုင်ငံတကာ ကုမ္ပဏီတွေလည်း လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ဖို့ ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အရှိန်ရလာစေဖို့ ဈေးကွက်ဖွင့် အစီအစဉ်ရဲ့ တစိတ်တပိုင်း အနေနဲ့ သီလဝါ အာမခံလုပ်ငန်းကို ပြည်ပ ကုမ္ပဏီတွေ လာရောက်လုပ်ကိုင်နိုင်အောင် ဖွင့်ပေးလိုက်တာ ဖြစ်တယ် လို့ ဂျပန်အခြေစိုက် Nikkei Asian Review  သတင်းက ဖေါ်ပြပါတယ်။

နိုင်ငံတကာ အာမခံကုမ္ပဏီတွေအနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းက လုပ်ငန်းတွေကိုသာ အာမခံ လုပ်ငန်းဆောင်ရွက်နိုင်မှာဖြစ်ပြီး ဇုန်ရဲ့ ပြင်ပ မှာတော့ အာမခံလုပ်ငန်းတွေဆောင်ရွက်ခွင့် မရှိဘူးလို့ သိရပါတယ်။

အခုလက်ရှိအနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှာ ဂျပန်အာမခံကုမ္ပဏီ ၃ ခု ကို လုပ်ကိုင်ခွင့် ပြုထား ပါတယ်။ အဲဒီ ကုမ္ပဏီ ၃ ခု ကို ၂၀၁၅ ခုနှစ်က စပြီး လိုင်စင်ထုတ်ပေးခဲ့တာပါ။

အခုလို သီလဝါ အထူးစီးပွားရေးဇုန်မှာ နိုင်ငံခြား အာမခံကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုလိုက်တာဟာ နောင် မှာ မြန်မာ့ပြည်တွင်းအာမခံ ကဏ္ဍကို ဖွင့်ပေးဖို့ အတွက် အစပျိုးခြေလှမ်းဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဌေးက ပြောဆိုကြောင်း သတင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဌာနေကိုယ်စားလှယ်ရုံးခွဲတွေ ဖွင့်လှစ်ပြီး စောင့်ဆိုင်းနေကြတဲ့ နိုင်ငံတကာ အာမခံကုမ္ပဏီပေါင်း ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။