ကုန်တင်ကုန်ချဆိပ်ကမ်းတွေအတွက် ဒေါ်လာ ၁၅ သန်း IFC ကူညီမည်
2018.03.29
ရန်ကုန် သံလျင် သီလဝါဆိပ်ကမ်းမှာ bulk terminal ခေါ် ကုန်တင်သင်္ဘောကြီးတွေ ကုန်တင်ကုန်ချပြုလုပ်နိုင်တဲ့ ဆိပ်ကမ်းတွေအတွက် ရေရှည်အထောက်အပံ့အဖြစ် ကမ္ဘာဘဏ်ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က အမေရိကန်ဒေါ်လာ ၁၅သန်းကို ကူညီမှာဖြစ်ပါတယ်။ အခုလိုတည်ဆောက်မယ့် bulk terminal ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဆိပ်ကမ်းလည်း ဖြစ်ပါတယ်။
ဒီတည်ဆောက်ရေး စီမံကိန်းအတွက် စုစုပေါင်းကုန်ကျငွေဟာ ဒေါ်လာ ၆၅ သန်းဖြစ်ပြီး ဒီကုန်ကျငွေတချို့တဝက်ကို ဂျပန်နိုင်ငံက Kamigumi ကုမ္ပဏီနဲ့ IBTT တို့က ကျခံမှာဖြစ်ပါတယ်။ ဒီဆိပ်ကမ်းကနေ သီးနှံ၊ ဂျုံနဲ့စပါးများ တိရစ္ဆာန်စာတွေကို တင်ချဖို့ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ မြန်မာစီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် ပထမဆုံးကုန်တင်သင်္ဘောကြီးတွေ ဝင်ထွက်နိုင်တဲ့ ဆိပ်ကမ်းကို တည်ဆောက်တာဖြစ်တယ်လို့ IFC ရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာVikram Kumar က ပြောဆိုပါတယ်။