လက်ပံတောင်းတောင်ပစ်ခတ်မှု ရှင်းလင်းချက်
2017.03.27
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့က ရွာသား ၅၀ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားကြောင်း ဆားလင်းကြီးမြို့နယ်ရဲမှူး ဦးဌေးဝင်း က မတ်လ ၂၇ရက်နေ့က ပြောပါတယ်။
RFA သတင်းထောက် ကိုဆက်ပိုင်တိုး ပေးပို့ပြီး မသီရိမင်းဇင် က တင်ပြထားပါတယ်။