သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-27
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အမည်စာရင်း ကို နိုင်ငံတော်သမ္မတဦးထင်ကျော် က ပြည်နယ်လွှတ်တော်ဆီ မပေးပို့ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့အကြား တွေ့ဆုံပွဲကို ပြုလုပ်လိုတယ်လို့ ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။
2016-03-27
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် ရင်ဆိုင်ရမယ့် တိုင်းရင်းသားတွေရဲ့ လိုလားတောင်း ဆိုမှုတွေ အပါအဝင် လက်ရှိအခြေအနေတချို့ကို ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ပါ။
2016-03-27
ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်နဲ့ ပြည်နယ် ဝန်ကြီးချုပ်နေရာကို ရရှိရေးအတွက် ရခိုင်ပြည်နယ် မြောက် ဦးမြို့ ဦးဥတ္တမပန်းခြံမှာ ဒေသခံ ၁၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-03-27
မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောင့်ယှက်ဟန့်တားမှု ၂ ခုက စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေခြင်းတွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ပါတယ်။
2016-03-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းအတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရှေ့ဆက်ဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ကြီးမားတဲ့ရင်ဆိုင်မှုတွေနဲ့ ကြုံရဦး မှာဖြစ်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြောကြား လိုက်ပါတယ်။
2016-03-27
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး ကနေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team (EAO PPST) ကို ဖွဲ့စည်းခဲ့ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2016-03-26
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်တိုင်းရင်း သားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2016-03-26
ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပါဝင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့ပေမယ့် SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
2016-03-26
အစိုးရသစ်လက်ထက်မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိစ္စတွေ အကောင်အထည်ဖော်ဖို့ အတွက် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့မှာ အပစ်ရပ်စာချုပ် လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇ ) ဖွဲ့တို့ ဆွေးနွေး ပွဲပြုလုပ်နေပါတယ်။
2016-03-26
စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မတော်၊ စီးပွားရေးကုမ္ပဏီတွေက သိမ်းဆည်းထား တဲ့ လယ်ယာမြေ ဧကပေါင်း ၃ သိန်းကနေ ၄ သိန်းကြား ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးက တောင်သူလယ်သမား အဖွဲ့အစည်းတွေက ပြောပါတယ်။
2016-03-26
ကယားပြည်နယ်ကို ကရင်နီပြည်နယ် လို့ ခေါ်ဆိုဖို့နဲ့ကရင်နီလူမျိုးလက်အောက်မှာ လူမျိုးစု ငယ်တွေကို ပြန်လည်ထားရှိဖို့ကယားပြည်နယ်က လူမျိုးစုခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
2016-03-26
ရှမ်းနီတိုင်းရင်းသားတွေကို ရှမ်းနီ လူမျိုးအဖြစ် သတ်မှတ်ပေးဖို့နဲ့ ရှမ်းနီ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေး ဖို့ လာမယ့်အစိုးရသစ် လက်ထက်မှာ တောင်းဆိုသွားမယ်လို့ ရှမ်းနီတိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားကြပါတယ်။
2016-03-26
ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နဲ့ ကချင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုမြှင့် တင်ရေးအဖွဲ့ (MATA) တို့ပူးပေါင်းပြီး “စက်ယန္တရား များ အောက်က အသက်ငင်နေသော ဖားကန့်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-03-26
ရခိုင်အမျိူးသားပါတီ (ANP) က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂စောင်နဲ့ ပါတီ အလုပ်အမှုဆောင် ၆ ဦးကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်သူလူထုသို့ အသိပေးစာဆိုပြီး ကန့်ကွက်တဲ့ စာတစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
2016-03-25
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးလှသိန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။