သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-23
ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုတွေကနေ တဆင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် ကြေညာချက်ထဲမှာ Justice for Myanmar က ပြောဆိုထားပါတယ်။
2022-02-23
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင် တို့ရဲ့ ရွေးကောက်ပွဲအမှုအတွက် တရားလို သက်သေ အားလုံးကို စစ်ဆေးပြီးသွားပြီလို့ ပြောပါတယ်။
2022-02-23
ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့သွားတဲ့ ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါး၊ ကားသမားနှစ်ဦးနဲ့ ကလေးနှစ်ဦးတို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခံရပါတယ်။
2022-02-23
ကန်ပက်လက်မြို့နယ်မှာ စစ်တပ်နဲ့ CDF တိုက်ပွဲတွေကြောင့် ကျေးရွာ ခြောက်ရွာက ဒေသခံ ၁၅၀၀ ခန့် တောထဲထွက်ပြေးနေရပါတယ်။
2022-02-23
နောင်ချိုမြို့နယ် ဘူတာရုံလိုင်းခန်းမှာရှိတဲ့ စစ်တပ် ကင်းစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဒီနေ့မနက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2022-02-23
မိုးဗြဲအခြေစိုက် အမှတ် (၄၂၂) တပ်ရင်းက ဖယ်ခုံမြို့နယ် ကဖုရွာကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။
2022-02-22
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက မီးရှို့ခံခဲ့ရတဲ့ ချောင်းဦးရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြင်ဖြစ်သွားတာကို ၂၀၂၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
2022-02-22
ဒီကြားနာပွဲမှာ စစ်ကောင်စီရဲ့လျှောက်လဲချက်တွေဟာ ၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ခုခံချေပချက်တွေနဲ့ တူညီနေပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ စစ်ကောင်စီဘက်က အောင်မြင်ဖို့ မလွယ်ဘူးလို့ ရိုဟင်ဂျာအရေး စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဝေဖန်လိုက်ပါတယ်။
2022-02-22
အခုဆို ကိုဗစ်ရောဂါကြောင့် သေဆုံးသူပေါင်း မြန်မာနိုင်ငံမှာ ၁၉၃၄၄ ဦးနဲ့ အတည်ပြုလူနာစုစုပေါင်းက ငါးသိန်း ခုနှစ်သောင်းကျော် ရှိနေပြီလို့ ဆိုပါတယ်။
2022-02-22
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမှုကို ဒုတိယနေ့အဖြစ် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဒီနေ့တင်ပြမှာပါ။
2022-02-22
ကိုဗစ်ဒဏ်နဲ့ စစ်အာဏာသိမ်းမှုအောက် လူတွေ အလုပ်အကိုင် ရှားပါးကုန်တာကြောင့် ဈေးသက်သက်သာသာနဲ့ ရမယ့် တစ်ပတ်ရစ် အဝတ်အစားတွေကို လာဝယ်ကြတာလို့ ဈေးဝယ်သူတွေက ပြောပါတယ်။
2022-02-22
EU ဥရောပသမဂ္ဂက မြန်မာစစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် လျာထားသတ်မှတ်ခံရတဲ့သူတွေ အပါအဝင် စုစုပေါင်းလူပုဂ္ဂိုလ် ၂၂ ယောက်နဲ့ ကုမ္ပဏီ လေးခုကို ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
2022-02-22
“ပြန်လည်စုရုံး နှစ်ခြောက်လုံး” လို့ အမည်ပေးထားတဲ့ လူထုလှုပ်ရှားမှုသပိတ်ကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ မော်လမြိုင်၊ လောင်းလုံအပါအဝင် မြို့နယ်ပေါင်း ၂၀ ကျော်မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2022-02-22
မြန်မာစစ်တပ်ဟာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ရုရှားဆီကရော၊ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယ၊ ဘယ်လာရုစ်၊ ယူကရိန်း၊ အစ္စရေးလ်၊ ဆားဘီးယား၊ ပါကစ္စတန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေဆီကနေ လက်နက်ပစ္စည်းတွေ ဝယ်ယူရရှိနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
2022-02-22
မန္တလေးက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူလေးဦး ဖမ်းဆီးခံရပြီး နှစ်ပတ်ပြည့်ချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။