နောင်ချိုဘူတာက စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ

2022.02.23
နောင်ချိုဘူတာက စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ ၂၀၂၂ ဖေဖော်ဝါရီ ၂၃ ရက်က တိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ နောင်ချိုဘူတာက အဆောက်အအုံ တစ်ခုကို တွေ့ရစဥ်
Photo: Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘူတာရုံလိုင်းခန်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဒီနေ့ မနက် ၁ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နောင်ချိုဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ဘူတာရုံလိုင်းခန်းတစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်အခြေစိုက် မီဒီယာအချို့မှာတော့ နောင်ချိုဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကင်းစခန်း နှစ်ခုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။