သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-14
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပတဲ့ ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်ငိုင်းက တင်သွင်းခဲ့တဲ့ ဝန်ကြီး အမည်စာရင်းတွေ အထဲမှာ ပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီက အမတ်တဦးကို ချင်းတိုင်းရင်းသား အတိုက်အခံအမတ်တွေက အပြင်းအထန်ကန့် ကွက်ခဲ့တယ်လို့ သိရပါတယ်။
2011-02-14
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
2011-02-14
မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေး ဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011-02-14
အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့ လူထုအုံကြွမှုကြီးလိုမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်ခဲ့တာကြောင့် နှိုင်းယှဉ်လေ့လာဖို့ သုံးသပ်ဆွေးနွေးပွဲတခု အမေရိကန်ပြည်ထောင်စု နယူးယောက်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
2011-02-14
စစ်အစိုးရ နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းရေး အတွက် သမတဦးသိန်းစိန်က အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-02-14
အီဂျစ်နိုင်ငံမှာ သမတမူဘာရက် နုတ်ထွက်အပြီး အီဂျစ်ပြည်သူတွေ လွတ်လပ်ခွင့် ရသလိုမျိုး မြန်မာနိုင်ငံမှာလည်း ရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဖေဖော်ဝါရီ ၁၃ ရက် တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
2011-02-13
မြဝတီ- ကော့ကရိတ် ကားလမ်း တလျှောက် စစ်အစိုးရတပ် သယ်ယူ ပို့ဆောင်ရေး ယာဉ်တန်းတွေကို ဒီကေဘီအေ တပ်တွေက နောက်ထပ် တိုက်ခိုက်ဖို့ ရှိတဲ့အတွက် အဲဒီလမ်းကြောင်း တလျှောက် သွားလာနေတဲ့ ခရီးသွား ပြည်သူတွေကို ဒီကေဘီအေ တပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။
2011-02-13
ဒီနေ့ကျရောက်တဲ့ ၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ပြည်တွင်းပြည်ပ နေရာ အတော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။
2011-02-13
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ကနေ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုကို အခမ်းအနားနဲ့ ငွေကြေး ထောက်ပံ့ခဲ့ပါတယ်။
2011-02-13
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အာဇာနည် စိတ်ဓာတ်အကြောင်း ဟောပြောပြီး အခမ်းအနား ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
2011-02-13
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဝန်ကြီးတွေစာရင်းကို ပြည်သူ့လွှွတ်တော် စည်းဝေးပွဲက အတည်ပြု ပေးလိုက်တဲ့ကိစ္စနဲ့ အစိုးရ အဖွဲ့သစ် ဖွဲ့စည်း ပြီးသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ၊ ပြည်ပ အဖွဲ့အစည်းတွေ ဆင်ခြင်သင့်တဲ့ ကိစ္စတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-02-12
မြန်မာစစ်အစိုးရ တပ်တွေအတွက် ရိက္ခာသယ်ယူရာမှာ ခိုင်းစေခဲ့တဲ့ အရပ်သားတွေ သေဆုံးမှုကို စစ်တပ် အာဏာပိုင်တွေက လစ်လျူရှုထား တယ်လို့ သိရပါတယ်။
2011-02-12
၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးပါတီ ၁၁ ပါတီ စုပေါင်းပြီး ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း စားသောက်ဆိုင်တဆိုင် မှာ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး လွတ်လပ်ရေး အရယူခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ စိတ်ဓာတ်လို ညီညွတ်ကြဖို့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
2011-02-12
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး ဥပဒေပါ အခွင့်အရေးတွေအတိုင်း ညီတူညီမျှ ခံစားခွင့်ရဖို့နဲ့ နိုင်ငံရေးမှာ တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရဖို့ အထူး အရေးကြီးကြောင်း ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-02-12
စနေနေ့မှာ ကျရောက်မယ့် ၆၄ နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက ပါတီစည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ်မှာ မနေ့က နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။