ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် NLD ကျင်းပ
2011.02.13

ဒီ အခမ်းအနားကို ရန်ကုန်တိုင်း မြို့နယ်စုံက ကလေးငယ် ၁၅ဝ လောက် တက်ရောက်တယ်လို့ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပြပါတယ်။
“ဖွင့်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ရောက်လာတာနဲ့ ကလေးတွေက သီချင်းတွေ၊ အကအခုန်တွေနဲ့ မြို့နယ်အလိုက် ဖျော်ဖြေကြပါတယ်။ ပြီးတော့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ပေးပါတယ်။ အဖွင့်အမှာစကား ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်သားဖွယ်ရာ အာဇာနည်စိတ်ဓာတ် အကြောင်း ကလေးတွေကို အကျဉ်းချုပ် ပြောပြပါတယ်”
မွန်းလွဲပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နှုတ်ချက်တွေကို ကလေးတွေက သဏ္ဍန်လုပ် သရုပ်ဆောင် ရွတ်ဆိုတဲ့ ပြိုင်ပွဲကို ဆက်ပြီး ကျင်းပသလို ကလေးတွေအတွက် ဖျော်ဖြေရေး အစီအစဉ်တွေကို လည်း ပြုလုပ်ပေးပါတယ်။
ဒါ့ပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မင်္ဂလာဒုံ၊ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ မြို့နယ်တွေက မူလတန်းကျောင်းတွေကို တမြို့နယ်ကို ဗလာစာအုပ် ၉၆ ဒါဇင်နှုန်းနဲ့ စုစုပေါင်း ကျပ်ငွေ သိန်း ၁ ရာဖိုး လှူဒါန်းခဲ့ပါတယ်။
အဲ့ဒီလို လှူဒါန်းရာမှာ မင်္ဂလာဒုံနဲ့ တိုက်ကြီးမြို့နယ်တွေမှာ အာဏာပိုင်တွေရဲ့ အတားအဆီး လုပ်တာတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် မှော်ဘီနဲ့ လှည်းကူးမြို့နယ်တွေမှာတော့ အနှောက်အယှက်မရှိဘူးလို့ NLD ဗဟိုအမျိုးသမီးအဖွဲ့က ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ ကလေးများနေ့ အခမ်းအနား ကျင်းပပုံနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |