ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်းရေး လွှတ်တော်မှာ အဆိုတင်

စစ်အစိုးရ နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းရေး အတွက် သမတဦးသိန်းစိန်က အဆိုတင်သွင်းခဲ့ကြောင်း သတင်းရရှိပါတယ်။

2011.02.14
thein_soe_election_305_z.jpg ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်းရေးနဲ့ ကော်မရှင် အဖွဲဝင် ၇ ဦး ထားရှိရေးကို သမတ ဦးသိန်းစိန်ကနေ လွှတ်တော် သဘာပတိထံ တင်ပြခဲ့တာလို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလို ပြောပြပါတယ်၊

“'ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင် အသစ် ဖွဲ့စည်းဖို့ လူအရေအတွက် ၇ ဦး ထားဖို့ ဟိုဟာ ဖြစ်တယ်။ ၇ ဦးကို နာမယ် မထွက်သေးပါဘူး။ မနက်ဖြန်ကျမှ ၇ ဦး လက်ခံ လက်မခံပေါ့ဗျာ၊ ၇ ဦး တိုးချင်လည်း ဘာကြောင့် တိုးချင်တယ်။ မတိုးချင်ဘူး ဆိုရင်လည်း လက်ခံရင် လက်ခံတယ်ပေါ့။ လက်ခံတယ် ဆိုတော့မှသာ ၇ ဦး ဘယ်သူ ဘယ်သူဆိုတာ ဒါ ဟိုဟာဖြစ်ရင် ထွက်မှာပေါ့။”

မနက်ဖြန် ၁၀ နာရီမှာ လွှတ်တော် ထပ်မံခေါ်ထားပြီး ရွေးကောက်ပွဲကော်မရှင် အသစ်ရဲ့ အမည်စာရင်းတွေ ထုတ်ပြန်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အရင် ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရ အကြီးကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး ခန့်အပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ အဖွဲ့ဝင် ၁၁ ဦး ပါရှိခဲ့ပြီး၊ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးသိန်းစိုးဟာ နောက်တက်မဲ့ အစိုးရအဖွဲ့ ဝန်ကြီးတဦးအဖြစ် ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဒီအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ကနေ ဝန်ကြီးဖြစ်လာမဲ့ ဦးသိန်းစိုးဟာ မြန်မာ့စစ်တပ်မှာ စစ်ဥပဒေချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ်တဦး ဖြစ်ဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်ကို မနက်ပိုင်း ၁၀ နာရီလောက်က စတင်ခဲ့ပြီး ကျင်းပချိန် နာရီဝက်ခန့်သာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။